ပါကစ္စတန် ခိုင်ဘာပက်ခ်တွန်ခဝါပြည်နယ်၌ အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် ရဲ ၅ ဦး သေဆုံး

ပါကစ္စတန် ခိုင်ဘာပက်ခ်တွန်ခဝါပြည်နယ်၌ အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် ရဲ ၅ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံ ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ် ဒီရာ အစ္စမေးလ် ခန်ခရိုင်တွင် အကြမ်းဖက်သမားများ၏ ရော့ကတ်တိုက်ခိုက်မှုတစ်ခုကြောင့် ရဲငါးဦး သေဆုံးခဲ့သည်ဟု ARY News က ဧပြီ ၁၁ ရက်တွင် ဖော်ပြသည်။

အကြမ်းဖက်သမားများသည် ဒီရာ အစ္စမေးလ် ခန်ခရိုင် ကူလာချီမြို့၏ ချော့ခ် ယက်ဒ်ဂါ ဧရိယာတွင် ရဲကားတစ်စီးကို ရော့ကတ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ထိုသတင်းဌာနက ဖော်ပြသည်။

အကြမ်းဖက်သမားများက ရဲကားကို ရော့ကတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ယင်းနောက် အပြင်းအထန် တိုက်ခိုက်မှုများ ရှိခဲ့သော်လည်း အကြမ်းဖက်သမားများသည် အပြင်းအထန် တိုက်ခိုက်ပြီး နေရာကနေ ထွက်ပြေးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။

ယခုလ အစောပိုင်းကလည်း ဒီရာ အစ္စမေးလ် ခန်တွင် လုံခြုံရေးတပ်ဖွဲ့များက ထောက်လှမ်းရေး သတင်းအရ စစ်ဆင်ရေးတစ်ခု လုပ်ဆောင်ခဲ့ရာတွင် အကြမ်းဖက်သမား ၃ ဦး သေဆုံးခဲ့သည်။

ဒီရာ အစ္စမေးလ် ခန်၏ ကူလာချီ ဧရိယာတွင် အကြမ်းဖက်သမားများ ရှိနေသည် ဆိုသည့် သတင်းအရ ထို စစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ARY News က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required