တရုတ်က ပါကစ္စတန်တွင် ကိုဗစ်မျိုးဗီဇအသစ်ကို ဖန်တီးနေဟု ပညာရှင်များ ပြောကြား

တရုတ်က ပါကစ္စတန်တွင် ကိုဗစ်မျိုးဗီဇအသစ်ကို ဖန်တီးနေဟု ပညာရှင်များ ပြောကြား

တရုတ်သည် ပါကစ္စတန်တွင် ကိုဗစ်ပုံစံ ရောဂါပိုးများကို ဖန်တီးနေပြီး ၎င်းတို့သည် လူသားမျိုးနွယ် အများအပြားကို သုတ်သင်နိုင်သည့် အစွမ်းသတ္တိရှိသည်ဟု ကျွမ်းကျင်ပညာရှင်များက ဆိုသည်။

တရုတ်ကွန်မြူနစ်ပါတီသည် ဆင်းရဲနွမ်းပါးသော ပါကစ္စတန်တွင် နည်းပညာဖွံ့ဖြိုးတိုးတက်စေရန် အဆင့်မြင့် သိပ္ပံနည်းကျအခြေခံအဆောက်အအုံများ ထူထောင်ထားကြောင်း The Klaxon သတင်းဝက်ဘ်ဆိုက်တွင် ဆောင်းပါးရှင် အန်သိုနီကလန်းက ရေးသားထားသည်။

ကိုဗစ်-၁၉ မူလဇာစ်မြစ်ဟု သိကြသော ဝူဟန်ရောဂါပိုးမွှားဌာန (WIV) နှင့် ပါကစ္စတန် စစ်တပ်၏ တိုက်ရိုက်ထိန်းချုပ်မှုအောက်တွင်ရှိသော ကာကွယ်ရေးသိပ္ပံနှင့်နည်းပညာအဖွဲ့ (DESTO) တို့ပူးပေါင်း၍ ပါကစ္စတန်ဓာတ်ခွဲခန်းကို စီမံကွပ်ကဲနေကြသည်ဟု ကျွမ်းကျင်ပညာရှင်များက ပြောသည်။

နိုင်ငံအများအပြားမှ ထိပ်တန်းထောက်လှမ်းရေးသတင်းရင်းမြစ်များ အတည်ပြုထားသော တိုးတက်မှုဖြစ်စဉ်များအရ ယခုအခါ တရုတ်ဇီဝအင်ဂျင်နီယာများသည် ကိုဗစ်-၁၉ ထက် ပိုမိုကူးစက်လွယ်ပြီး သေစေသော ခန္ဓာကိုယ်တွင်းရောဂါဘယဖြစ်စေသည့် ပဋိဇာတ်များကို ပါကစ္စတန်နိုင်ငံတွင်း သို့မဟုတ် တရုတ်ဓာတ်ခွဲခန်းများမှယူ၍ ဖန်တီးနိုင်စွမ်းရှိနေသည်ဟု ဆိုသည်။

အဆိုပါ ဓာတ်ခွဲခန်းသည် တရုတ်-ပါကစ္စတန် စစ်ဘက်ဆိုင်ရာဓာတ်ခွဲခန်းတစ်ခုဖြစ်သည့် "Biosafety Level 4 (BSL-4) ဓာတ်ခွဲခန်း ဖြစ်သည်။

နိုင်ငံတကာစံနှုန်းများအရ ဇီဝလုံခြုံမှုအဆင့် ၄ ခုရှိပြီး BSL-4 သည် အန္တရာယ်အရှိဆုံးဖြစ်ကာ ၎င်းရောဂါများအတွက် ကာကွယ်ဆေး သို့မဟုတ် ကုသမှုများ မရှိသေးပေ။

"BSL-4 ဓာတ်ခွဲခန်းများကို ကာကွယ်ဆေး သို့မဟုတ် ကုထုံးမရရှိနိုင်သေးသော လေမှကူးစက်သော ဓာတ်ခွဲခန်းရောဂါပိုးကူးစက်မှုများနှင့် အသက်အန္တရာယ်ရှိသောရောဂါများ ဖြစ်စေသည့် ကူးစက်ပိုးမွှားများ သို့မဟုတ် အဆိပ်များကို လေ့လာရန် အသုံးပြုသည်။

“အန္တရာယ်များသော ရောဂါပိုး ကွန်ရက်များ” ကို အထူးပြုလေ့လာသည့် ကမ္ဘာလုံးဆိုင်ရာ ဇီဝကာကွယ်ရေး ပညာရှင် ဒေါက်တာ ရိုင်ယန်ကလာ့ခ်က စစ်ဆေးမှုများမရှိပါက ပါကစ္စတန်ရှိ တရုတ်၏ လုပ်ဆောင်ချက်များသည် ကမ္ဘာတွင် ဆိုးရွားသော အကျိုးဆက်များ ဖြစ်နိုင်သည်ဟု ဆိုသည်။

ပါကစ္စတန်တွင် WIV-DESTO ပူးတွဲလုပ်ဆောင်ချက်သည် လူသားနှင့် တိရိစ္ဆာန်ကျန်းမာရေးကို မြှင့်တင်ပေးသည့် အရပ်ဘက်အဖွဲ့အစည်းနှစ်ခုအကြား ဇီဝဆေးသုတေသနဆိုင်ရာပူးပေါင်းမှု မဟုတ်ပေ။

ပါကစ္စတန်စစ်တပ်၏ အကာအကွယ်အောက်၌ ဇီဝလက်နက်သုတေသနပြုလုပ်ရာတွင် WIV၊ တရုတ်ဆေးသိပ္ပံအကယ်ဒမီနှင့် တရုတ်စစ်တပ် (PLA)နှင့် ချိတ်ဆက်မှုရှိသူများအပါအဝင် တရုတ်ကွန်မြူနစ်ပါတီ၏ အဖွဲ့အစည်းအများအပြားအတွက် ထိုလုပ်ဆောင်မှုသည် အန္တရာယ်ရှိသော လုပ်ငန်းစဉ် ဖြစ်သည်ဟု ဒေါက်တာ ရိုင်ယန်ကလာ့ခ်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly