ဟောင်ကောင်တွင် ကိုဗစ်-၁၉ ကန့်သတ်ချက်အချို့ကို ဧပြီ ၂၁ ရက်တွင် ဖြေလျှော့ပေးမည်

ဟောင်ကောင်တွင် ကိုဗစ်-၁၉ ကန့်သတ်ချက်အချို့ကို ဧပြီ ၂၁ ရက်တွင် ဖြေလျှော့ပေးမည်

ကမ္ဘာ့စီးပွားရေးအချက်အချာဖြစ်သော ဟောင်ကောင်တွင် တစ်ရက်လျှင် ကူးစက်မှု ၂၀ဝဝ အောက်ရှိလာခြင်း ကြောင့် အလှပြင်ဆိုင်များ၊ ရုပ်ရှင်ရုံများနှင့် အားကစားခန်းမများကို ဧပြီ ၂၁ ရက်မှ စတင်ဖွင့်လှစ်ခွင့်ပြုလိုက် ပြီး ကမ္ဘာ့အတင်းကျပ်ဆုံး ကိုဗစ်-၁၉ ကန့်သတ်ချက်အချို့ကို ဖြေလျှော့ပေးမည်ဖြစ်ကြောင်း ဧပြီ ၁၄ရက်တွင် ဟောင်ကောင်အစိုးရက အတည်ပြုပြောကြားခဲ့သည်။

တရုတ်အုပ်ချုပ်သောဟောင်ကောင်မြို့တွင် ၂၀၂၂ခုနှစ်အစောပိုင်းမှစတင်၍ စီးပွားရေးထိခိုက်ခဲ့ပြီး လွန်ခဲ့သည့် ၂ လအတွင်း လူအများစုသေဆုံးခဲ့ခြင်းအပါအဝင် လူပေါင်း ၈၆၀ဝ ကျော် သေဆုံးခဲ့ရသည့် ကိုရိုနာဗိုင်းရပ် ကူးစက်မှုပဉ္စမလှိုင်းဒဏ်ကို ခံစားရပြီးနောက် ရောဂါဖြစ်ပွားမှု ကျဆင်းသွားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကန့်သတ်ချက်များကြောင့် စီးပွားရေးလုပ်ငန်းများကို ထိခိုက်ခဲ့ပြီး ဒီဇင်ဘာလတွင် လူ ၁၇၀ဝ၀ နီးပါးမှ ဖေဖော်ဝါရီနှင့် မတ်လတွင် လူပေါင်း ၇၀၀၀၀ ဝန်းကျင်၏ ပြည်ပသို့ထွက်ခွာသွားစေခဲ့သဖြင့် ကမ္ဘာ့ဘဏ္ဍာရေးဗဟိုချက်အဖြစ် ဟောင်ကောင်၏ အနေအထားအပေါ် စိုးရိမ်မှုများ မြင့်တက်လာစေခဲ့သည်။

လက်ရှိတွင် လူ ၂ ဦးမှ ဧပြီ ၂၁ ရက်မှ စတင်၍ လူ ၄ ဦးအထိ အချိန်မရွေး စုဝေးနိုင်ကြောင်း အစိုးရက ဧပြီ ၁၄ရက်တွင် ထုတ်ပြန်ခဲ့ပြီး စားသောက်ဆိုင်များသည် ည ၁၀ နာရီအထိ ဖွင့်လှစ်ထားနိုင်ကာ အပြင်စားသောက် ဆိုင်တန်းများကို ညနေ ၆ နာရီမှ တိုးမြှင့်ခွင့်ပြုထားခြင်း ဖြစ်သည်။

ကျောင်းများသည်လည်း နောက်တစ်ပတ်မှ စတင်၍ လူကိုယ်တိုင် ကျောင်းပြန်တက်နိုင်ပြီ ဖြစ်သော်လည်း ဘားများ၊ ကမ်းခြေများနှင့် အသားကင်ဆိုင်များကို ပိတ်ထားဆဲဖြစ်သည်။

ဟောင်ကောင်တွင် နေ့စဉ်ကူးစက်ခံရသူ အရေအတွက်သည် ယခုတစ်ပတ်အတွင်း ၂,ဝဝဝ အောက်ရောက်ရှိ သွားပြီး ဧပြီ ၁၃ရက်တွင် ကူးစက်ခံရသူ ၁,၂၇၂ ဦး စာရင်းရရှိခဲ့သည်။

၂၀၂၀ပြည့်နှစ်ကတည်းက ဟောင်ကောင်သို့ ပြည်ဝင်ခွင့် ပိတ်ထားသဖြင့် ဆင်းသက်နိုင်သည့် လေယာဉ် အနည်းငယ်သာရှိပြီး လေယာဉ် တစ်ဆင့် ပြောင်းစီးခွင့် မပေးခဲ့သဖြင့် ကမ္ဘာလုံးဆိုင်ရာ အချက်အချာကျသော မြို့ဖြစ်သည်ဟူသော ဂုဏ်သတင်းကို ထိခိုက်စေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly