စီးပွားရေးအကျပ်အတည်းကြုံတွေ့နေကြရသည့် တူရကီနှင့်တရုတ်တို့၏ ဆက်ဆံရေးတွင် လမ်းကြောင်းတစ်ခုကို ထပ်မံဖောက်လုပ်

စီးပွားရေးအကျပ်အတည်းကြုံတွေ့နေကြရသည့် တူရကီနှင့်တရုတ်တို့၏ ဆက်ဆံရေးတွင် လမ်းကြောင်းတစ်ခုကို ထပ်မံဖောက်လုပ်

တူရကီနှင့် တရုတ်တို့၏ ဘဏ္ဍာရေးအခြေအနေများ အားနည်းလာပြီး နှစ်နိုင်ငံစလုံးသည် စီးပွားရေး အလှည့် အပြောင်းတစ်ခုရရှိရန် ဗဟိုအာရှဈေးကွက်တွင် စီးပွားရေးအခွင့်အလမ်းရှာဖွေနေချိန်တွင် တူရကီနှင့် တရုတ်တို့အကြားဆက်ဆံရေးအတွက် လမ်းကြောင်းတစ်ခုကို ထပ်မံ ဖောက်လုပ်လိုက်သည်။

ပိုးလမ်းမရပ်ဝန်းစီမံကိန်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် တရုတ်သည် တူရကီတွင် အေနာတိုလီယာနှင့် ဂါလီ ပိုလီကျွန်းဆွယ်အကြား ခရီးသွားလာချိန်ကို လက်ရှိတွင် တစ်နာရီကြာ ဖယ်ရီစီးချိန်အပါအဝင် ၆နာရီ ကြာမြင့်ခြင်းမှ အဓိက ကြိုးတံတားတစ်ခု ထိုးပေးခဲ့ပြီး ၆ မိနစ်သို့ လျှော့ချပေးခဲ့သည်။

အဓိက ရေလမ်းကြောင်း၏ ဥရောပနှင့် အာရှကမ်းခြေများကို ဆက်သွယ်ပေးသည့် တူရကီ၏ ဒါဒါနယ် လီစ်ရေ လက်ကြားကိုဖြတ်ကာ ကာနက်ကာလေးဆိပ်ကမ်းမြို့တွင်တည်ဆောက်ထားသော ၄၆၀၈ မီတာအရှည်ရှိ တံတားကို သမ္မတ အာဒိုဂမ်က ဖွင့်လှစ်ပေးခဲ့သည်။

၁၉၁၅ ခုနှစ် ပထမကမ္ဘာစစ်အတွင်း အော်တိုမန်အင်ပါယာက ဗြိတိန်၊ ပြင်သစ်နှင့် ရုရှားတပ်များကို အောင်မြင်စွာ အနိုင်ယူခဲ့သော ကာနက်ကာလေးတိုက်ပွဲကို အစွဲပြုပြီး တံတားကို သူက နာမည်ပေးခဲ့ကြောင်း မူဝါဒ သုတေသနအဖွဲ့မှ ဆိုသည်။

တူရကီနှင့် တောင်ကိုရီးယား ကန်ထရိုက်တာများသည် အာဒိုဂန်၏ ကိုယ်ပိုင် အလယ်ပိုင်းစင်္ကြံ စီမံချက်၊ ပိုးလမ်းမအစပြုချက်ဖြင့် ရထားလမ်းများမှတစ်ဆင့် တရုတ်နှင့် ဥရောပ ဆက်သွယ်ရေး လွယ်ကူ ချောမွေ့စေရန် တံတားကို တည်ဆောက်ခဲ့ကြသည်။

တူရကီက ဈေးကွက်ချဲ့ထွင်ရန်အတွက် ယင်းဒေသမှ စတင်ထွက်ခွာမည့် ရထားလမ်းများကို အာရှအလယ်ပိုင်း သို့ တိုးချဲ့ရန်လည်း စိတ်အားထက်သန်လျက်ရှိသည်။

တူရကီသည် BRI နှင့် အလယ်ပိုင်းစင်္ကြံ စီမံချက်ကို ချိတ်ဆက်ရန် လွန်ခဲ့သည့် ၇ နှစ်ခန့်က တရုတ်၏ ပိုးလစ်မရပ်ဝန်းစီမံကိန်း ၏ အရေးပါသော အစိတ်အပိုင်းဖြစ်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly