ကိုဗစ်စည်းမျဉ်းကန့်သတ်မှုများကြောင့် တရုတ်နိုင်ငံရှိ iPhone စက်ရုံနှစ်ခု လုပ်ငန်း ရပ်ဆိုင်း

ကိုဗစ်စည်းမျဉ်းကန့်သတ်မှုများကြောင့် တရုတ်နိုင်ငံရှိ iPhone စက်ရုံနှစ်ခု လုပ်ငန်း ရပ်ဆိုင်း

ထိုင်ဝမ်အီလက်ထရွန်းနစ်ကုမ္ပဏီ Pegatron သည် Apple အတွက် iPhone များကို အဓိကထုတ်လုပ်သည့် တရုတ်နိုင်ငံ ရှန်ဟိုင်းနှင့်ကွန်ရှန်ရှိ စက်ရုံ ၂ ရုံတွင် လုပ်ငန်းလည်ပတ်မှုကို ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။

နိုင်ငံအတွင်း၌ မကြာသေးမီက ကိုဗစ်-၁၉ ရောဂါပြန်လည်ဖြစ်ပွားလာသောကြောင့် တရုတ်က တင်းကျပ်သောမူဝါဒများနှင့် စည်းမျဉ်းကျင့်ဝတ်များ ချမှတ်ပြီးနောက် ယခု ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း The Verge နည်းပညာသတင်းဝက်ဘ်ဆိုက်က ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် ၂၀၁၉ ခုနှစ်နှောင်းပိုင်းက ဝူဟန်မြို့တွင် ကိုရိုနာဗိုင်းရပ်တွေ့ရှိပြီးနောက် အဆိုးရွားဆုံးကိုဗစ် ဖြစ်ပွားမှုကို တွေ့ကြုံခဲ့ရကာ မတ်လမှစ၍ တင်းကျပ်သောစည်းမျဉ်းများ ပြန်လည်ချမှတ်လာသည်။

ကမ္ဘာတစ်ဝန်းရှိ နည်းပညာထုတ်လုပ်ရေးကုမ္ပဏီများသည် ၎င်းတို့၏ထုတ်လုပ်မှုအတွက် တရုတ်နှင့် အရှေ့တောင်အာရှအပေါ် အလွန်အမင်း မှီခိုနေရသည်။ လက်ရှိတွင် တစ်ကမ္ဘာလုံး၌ ချစ်ပ်ပြားများ ပြတ်လပ်မှုနှင့်အတူ ထောက်ပံ့ပို့ဆောင်ရေးနှင့်သယ်ယူပို့ဆောင်ရေး ပြဿနာများသည်လည်း ယခင်ကထက် ပိုမိုဆိုးရွားလာသည်။

ပေးပို့မှုနှောင့်နှေးခြင်းနှင့် အစိတ်အပိုင်းအဆီအငေါ်မတည့်မှုကဲ့သို့ အလားအလာရှိသောပြဿနာများသည် ကိုဗစ်-၁၉ ကြောင့် အားနည်းနေသောကုန်ထုတ်လုပ်မှုလုပ်ငန်း၏ အဓိကချွတ်ယွင်းချက်များ ဖြစ်လာသည်။

iPhone အားလုံး၏ ၂၀ မှ ၃၀ ရာခိုင်နှုန်းခန့်ကို ထုတ်လုပ်ပေးရသော Pegatron သည် လုပ်ငန်းပြန်စရန် မျှော်လင့်ထားသော်လည်း မည်သည့်အချိန်တွင် ဖြစ်လာနိုင်သည်ကို အတိအကျမပြောနိုင်ပေ။ လုပ်ငန်းပြန်စရန်မှာ အစိုးရ၏ ခွင့်ပြုမိန့်ရမှဖြစ်သော စက်ရုံနှစ်ရုံပေါ်တွင်မူတည်သည်ဟု ထိုင်ဝမ်ကုမ္ပဏီက ပြောသည်။

Pegatron အပြင် MacBooks များကို ကူညီထုတ်လုပ်ပေးသာ Quanta ကုမ္ပဏီသည်လည်း ရှန်ဟိုင်းတွင် ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်ကြောင်း Nikkei Asia ၏ဖော်ပြချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required