တရုတ်က တိဘက်ရှိ ဘာသာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ဆက်လက် ဖိနှိပ်နေ

တရုတ်က တိဘက်ရှိ ဘာသာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ဆက်လက် ဖိနှိပ်နေ

တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် တိဘက်တွင် အခြားသော ဆိုးရွားစွာ ချိုးဖောက်မှုများအပြင် တိဘက် ဘာသာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ဆက်လက် ဖိနှိပ်နေသည်ဟု အစီရင်ခံစာတစ်စောင်က ဆိုသည်။

တရုတ်ဆိုင်ရာ ကွန်ဂရက်လွှတ်တော်-အမှုဆောင်ကော်မရှင် (CECC) ၏ ၂၀၂၁ခုနှစ် အစီရင်ခံစာတွင် တိဘက် ပြည်တွင်းနှင့် ပြည်ပရှိ တိဘက်လူမျိုးများအကြား ဆက်ဆံရေးသည် တရုတ်၏ ပြင်းထန်သော ကန့်သတ်ချက် များကြောင့် ပြတ်တောက်သွားသည်ဟု Phayul က ဖော်ပြခဲ့သည်။

တွေ့ရှိချက်များတွင် အမေရိကန်နိုင်ငံသားများ အပါအဝင် တိဘက်လူမျိုးများကို စောင့်ကြည့်မှု တိုးလာခြင်းကို အလေးပေးဖော်ပြပြီး “ဒီအန်အေအချက်အလက်စုဆောင်းခြင်း” အပါအဝင် ခေတ်မီနည်း ပညာ အစီအမံများကို အခြားအာဏာရှင်နိုင်ငံများက ပိုမိုအသုံးပြုနေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

“တရုတ်ဆိုင်ရာ ကွန်ဂရက်လွှတ်တော်-အမှုဆောင်ကော်မရှင် (CECC) က လွန်ခဲ့သည့် နှစ် ၂၀ကျော်ကတည်း က လုပ်ဆောင်ခဲ့သည့် တရုတ်၏ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေး ချိုးဖောက်မှုများကို မှတ်တမ်း တင်ထား သည်ထက် တရုတ်အစိုးရ၏ ကြောက်မက်ဖွယ်ရာ လူ့အခွင့်အရေး အလွဲသုံးစားမှုနှင့် လူ့ဂုဏ်သိက္ခာကို နင်းချ ေနေခြင်းက ပိုအရေးကြီးသည်” ဟု CECC ဥက္ကဌ ဂျက်ဖ်မာလေး၏ ကြေညာချက်တွင် ဖော်ပြထားသည်များကို Phayul က ကိုးကား ဖော်ပြခဲ့သည်။

တိဘက်ယဉ်ကျေးမှုကို ကာကွယ်ရန်နှင့် တိဘက်ဘာသာစကားကို အန္တရာယ်ဖြစ်စေသော မူဝါဒများကို တွန်းလှန်ရန် သမ္မတဒေါ်နယ်ထရမ့်လက်ထက်က ပြဌာန်းခဲ့သည့် အထင်ကရ ဥပဒေဖြစ်သော တိဘက်မူဝါဒနှင့် ပံ့ပိုးရေးအက်ဥပဒေ ၂၀၂၀ ခုနှစ်မှ ရရှိသည့် အရင်းအမြစ်များကို အသုံးပြုရန် တရုတ်ဆိုင်ရာ ကော်မရှင်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကို တောင်းဆိုထားကြောင်း Phayul က ဖော်ပြခဲ့သည်။

CECC ၏ နောက်ထပ်အကြံပြုချက်မှာ ကွန်ဂရက်အဖွဲ့ဝင်များနှင့် အမေရိကန်အစိုးရအား အဝေးရောက် တိဘက် အစိုးရဟု လူသိများသော ဗဟိုတိဘက်အုပ်ချုပ်ရေးခေါင်းဆောင်များနှင့် ပုံမှန်ဆက်ဆံရန် ကမ္ဘာတစ်ဝန်းရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပူးပေါင်းပြီး တိဘက်ကို နိုင်ငံတကာထောက်ခံမှု ပေးရန် ဖြစ်သည်ဟု သတင်းက ထပ်မံဆိုသည်။

“ရှီကျင့်ဖျင်အစိုးရက ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေးတန်ဖိုးတွေကို ဆန့်ကျင်တဲ့ အာဏာ ရှင်ဆန်တဲ့ စနစ်ကို လက်ခံကျင့်သုံးနေတာ အများအသိပါပဲ။ တိဘက်မှာ ရက်စက်ကြမ်းကြုတ်တဲ့ ဖိနှိပ်မှုတွေနဲ့ တင်းကျပ်တဲ့ စောင့်ကြည့်မှုတွေက CCP ရဲ့ တိဘက်ယဉ်ကျေးမှု၊ ဘာသာရေးလွတ်လပ်ခွင့်နဲ့ အခြေခံလူ့အခွင့် အရေးတွေကို ဖျောက်ဖျက်ဖို့ စနစ်တကျ လုပ်ဆောင်နေပါတယ်” ဟု တိဘက်နိုင်ငံတကာလှုပ်ရှားမှုအဖွဲ့ (ICT) မှ ဖရန့်ဖ် မက်ဇာ က တွေ့ရှိချက်နှင့် ပတ်သက်ပြီး ပြောကြားခဲ့ကြောင်း Phayul က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly