ပါကစ္စတန်၏ ကုန်သွယ်ရေးလိုငွေပြမှု ၉ လ အတွင်း ၇၀ ရာခိုင်နှုန်း တိုးပြီး ဒေါ်လာ ၃၅ ဘီလီယံကို ကျော်သို့ ရောက်ရှိ

ပါကစ္စတန်၏ ကုန်သွယ်ရေးလိုငွေပြမှု ၉ လ အတွင်း ၇၀ ရာခိုင်နှုန်း တိုးပြီး ဒေါ်လာ ၃၅ ဘီလီယံကို ကျော်သို့ ရောက်ရှိ

ပါကစ္စတန်၏ ကုန်သွယ်ရေး လိုငွေပြမှုသည် တစ်နှစ်ထက်တစ်နှစ် ၇၀ ရာခိုင်နှုန်း ကြီးထွားခဲ့ပြီး မတ်လအထိ ၉ လတာ ကာလအတွင်း ဒေါ်လာ ၃၅ ဒသမ ၄ ဘီလီယံအထိ ရောက်ရှိခဲ့ကာ သွင်းကုန်တင်သွင်းမှုတန်ဖိုးက ဒေါ်လာ ၆၀ ဘီလီယံ နီးပါးရှိနေကြောင်း ပါကစ္စတန် စာရင်းအင်းဗျူရို၏ ဧပြီ ၄ ရက် ဒေတာအချက်အလက် များက ပြသနေသည်။

သွင်းကုန် တင်သွင်းမှုတွင် မကြုံစဖူး မြင့်တက်မှုကြောင့် ကုန်သွယ်ရေး လိုငွေပြမှုသည် ၉လဆက်တိုက် မြင့်တက်နေခဲ့ပြီး ပို့ကုန် တင်ပို့မှုတွင် အများအားဖြင့် တစ်စိတ်တစ်ပိုင်း ကုန်ချော ထုတ်ကုန်များနှင့် ကုန်ကြမ်းများကြောင့် ရရှိရာတွင် တန်ဖိုးအားဖြင့် တစ်လလျှင် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံနှင့် ၂ ဒသမ ၈ ဘီလီယံအကြား ပမာဏဖြင့် တိုးတက်မှု တန့်နေခဲ့သည်။

မတ်လက ကုန်သွယ်ရေး လိုငွေပြမှုသည် ဒေါ်လာ ၃ ဒသမ ၄၅ ဘီလီယံကို ရောက်ရှိခဲ့ပြီး ယင်းက ဖေဖေါ်ဝါရီလကထက် ၁၂ ရာခိုင်နှုန်းဝန်းကျင်ခန့်နှင့် ၂၀၂၁ မတ်လနှင့် ယှဉ်ပါက ၅ ဒသမ ၅ ရာခိုင်နှုန်းခန့် တိုးလာခဲ့ခြင်း ဖြစ်သည်။

ယင်းနိုင်ငံတွင် ကုန်သွယ်ရေး လိုငွေပြမှုသည် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း ဒေါ်လာ ၃၇ ဒသမ ၇ ဘီလီယံဖြင့် အမြင့်ဆုံးအတိုင်းအတာကို ရောက်ရှိခဲ့သည်။ သို့သော် အစိုးရ၏ အစီအမံများကြောင့် နောက်နှစ် (၂၀၁၈-၁၉) တွင် ဒေါ်လာ ၃၁ ဒသမ ၈ ဘီလီယံသို့ ကျခဲ့ကာ ယင်းနောက် ၂၀၁၉-၂၀ ကာလတွင် ဒေါ်လာ ၂၃ ဒသမ ၂ ဘီလီယံသို့ ထပ်မံ ကျဆင်းခဲ့သည်။

သို့သော် အဆိုပါအခြေအနေသည် နောက်ပိုင်းတွင် ပြောင်းပြန်အနေအထားသို့ ပြန်ရောက်ခဲ့ပြီး ကုန်သွယ်ရေး လိုငွေပြမှုသည် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၃၀ ဒသမ ၈ ဘီလီယံကို ခုန်တက်ခဲ့ကာ လက်ရှိ ဘဏ္ဍာနှစ်တွင် အမြင့်ဆုံးအတိုင်းအတာသို့ ရောက်ရှိနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly