အင်အားနည်း နိုင်ငံများကို ခြိမ်းခြောက်ရန်နှင့် အထီးကျန်စေရန် တရုတ်က ပူးပေါင်းလုပ်ဆောင်နေ

အင်အားနည်း နိုင်ငံများကို ခြိမ်းခြောက်ရန်နှင့် အထီးကျန်စေရန် တရုတ်က ပူးပေါင်းလုပ်ဆောင်နေ

တန်းတူညီမျှမှု၊ အပြန်အလှန်လေးစားမှုနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို လိုလားသော အင်အားနည်း နိုင်ငံများကို ခြိမ်းခြောက်ရန်နှင့် အထီးကျန်စေရန် တရုတ်၊ ပါကစ္စတန်၊ ရုရှားနှင့် အခြားသော မဟာမိတ်များက ချိတ်ဆက်လုပ်ဆောင်လျက်ရှိကြောင်း မီဒီယာသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

လက်ရှိဖြစ်ပွားနေသော ရုရှား-ယူကရိန်းစစ်ပွဲ၏ အဓိက အကျိုးကျေးဇူးခံစားရသည့်နိုင်ငံအဖြစ် တရုတ်ကို မှတ်ချက်ပြုပြီး ဝူဟန်ဗိုင်းရပ်စ်ပျံ့နှံ့မှုတွင် တရုတ်၏အခန်းကဏ္ဍနှင့် ယင်းနှင့် ဆက်စပ်နေသော စီးပွားရေးနှင့် လူ့အသက်များ ဆုံးရှုံးမှုများကို ကမ္ဘာက ခွင့်လွှတ်လုနီးပါးဖြစ်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

ရုရှားတပ်များက ကိယက်ဗ်မြို့ကို သိမ်းပိုက်ရန် ကြိုးပမ်းမှုများကို အပြည့်အဝအာရုံစိုက်ထားသဖြင့် အနောက် မီဒီယာများသည် ဒီမိုကရေစီအဖွဲ့အစည်းများအပေါ် တရုတ်၏ ထိုးစစ်ဆင်မှုနှင့် ဟောင်ကောင်ကို သိမ်းပိုက်မှု၊ ရှင်ကျန်းနှင့် တိဘက်တွင် လူမျိုးတုံးသတ်ဖြတ်မှုနှင့် သဘာဝပတ်ဝန်းကျင် ကပ်ဘေး အပြင် မဝေးတော့သည့် အနာဂတ်တွင် ထိုင်ဝမ်ကို သိမ်းပိုက်ရန် တရုတ်၏ အစီအစဉ်များ ရှိနေသည်ကို မေ့လျော့နေကြောင်း သတင်းတွင် ပါရှိသည်။

တရုတ်၏ အကြံပေးချက်အရ ပါကစ္စတန်ဝန်ကြီးအီမာရမ်ခန်သည် စစ်ဖြစ်ပွားချိန်တွင် ရုရှားသို့ သွားရောက်ခဲ့သည်။

ရုရှားစစ်တပ်သည် ကြေးစားသမားများထံမှ ထပ်လောင်းအင်အား လိုအပ်ပါက ဆီးရီးယားနှင့် ချေချန်းလူမျိုးများကဲ့သို့ပင် ပါကစ္စတန်စစ်တပ်သည် လည်း ဖြည့်ဆည်းမပေးဘဲ နေမည်မဟုတ်ပေ။

ဤနည်းဖြင့် ပါကစ္စတန်သည် ယင်း၏ ချိနဲ့နေသည့် စီးပွားရေးကို ဖြေရှင်းရန်နှင့် ဆီးရီးယား၊ အာဖဂန် နစ္စတန်နှင့် အီရန်တို့ ပါဝင်သည့် တန်ပြန်စစ်အင်အားတစ်ရပ်ကို ဖွဲ့စည်းပြီး နေတိုးအဖွဲ့အား တန်ပြန်မည့် တရုတ်၏ မျှော်မှန်းချက်ကို မြှင့်တင်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း သတင်းတွင် ထည့်သွင်းဖော်ပြထားသည်။

ပါကစ္စတန်သည် တရုတ်၏ သြဇာခံနိုင်ငံဖြစ်ပြီး အုပ်ချုပ်သူများသည် တရုတ်ကွန်မြူနစ်ပါတီကို ထောက်ခံသည့် နိုင်ငံခြားရေးမူဝါဒကို ချမှတ်လေ့ရှိသည့်အပြင် တရုတ်သည် ပါရှန်ပင်လယ်ကွေ့နှင့် အရှေ့ အလယ်ပိုင်းတွင် ပါကစ္စတန်၏ မဟာဗျူဟာမြောက်အခန်းကဏ္ဍကို တန်ဖိုးထားကာ အိန္ဒိယသမုဒ္ဒရာဒေသ တွင် တရုတ်၏ အမြတ်ဝေစုမြှင့်တင်ရန် ခြေကုပ်အဖြစ် အသုံးပြုရန် ရည်ရွယ်ထားကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly