စစ်ရာဇဝတ်မှုတွေကျုးလွန်နေတဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို ဩစတြေးလျနိုင်ငံရဲ့ရွေးကောက်ပွဲအပြီးအစိုးရသစ်စတင်အသက်ဝင်မယ့်ဇူလှိုင်လမှာ တရားစွဲဆိုဖို့စတင်မယ်လို့ ပြောကြားတဲ့ NUG အစိုးရဩစတြေးလျနိုင်ငံဆိုင်ရာကိုယ်စားလှယ်ဒေါက်တာထွန်းအောင်ရွှေကို မသင်းသီရကဆက်သွယ်မေးမြန်းထားပါတယ်။