မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် (၄) မှ စတင်ကာ မြန်မာ့ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသဖွယ်ရှိ

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် (၄) မှ စတင်ကာ မြန်မာ့ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသဖွယ်ရှိ
၂၀၁၆ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် တစ်ပွဲအား Forever Group ကုမ္ပဏီမှ ရိုက်ကူးတင်ဆက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ရွှေဘုတ်)

ဇန်နဝါရီ ၂၇၊ ရန်ကုန်။           ။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပနေသည့် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များကို ယခုတစ်ပတ် ပွဲစဉ် (၄) မှ စတင်ကာ မြန်မာ့ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသသွားနိုင်ဖွယ်ရှိသည် ဟု မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပရေးတာဝန်ခံ ဦးစိုးမိုးကျော်က ပြောသည်။

၂၀၁၆ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များကို လက်ရှိတွင် Forever Group ကုမ္မဏီမှ တာဝန်ယူ ရိုက်ကူးကာ အခပေးရုပ်သံလိုင်းဖြစ်သည့် For Sports ရုပ်သံလိုင်းတွင် တစ်ပတ်လျှင် ပွဲစဉ် နှစ်ပွဲ ထုတ်လွှင့်ပြသလျက်ရှိသော်လည်း တစ်နိုင်ငံလုံးအနေဖြင့် အခမဲ့ဖမ်းယူ ကြည့်ရူခွင့်မရရှိနိုင်သေးပေ။

“ ဥက္ကဌရဲ့ လမ်းညွှန်မှုနဲ့ ဒီလိုမျိုး မြန်မာနေရှင်နယ်လိဂ်ပွဲတွေကို မြန်မာ့အသံမှာ ပြသခွင့်ရဖို့ ကြိုးစားညှိနှိုင်းတာပါ။ လောလောဆယ်တော့ Forever Group နဲ့ ညှိနှိုင်းနေဆဲပါပဲ။ ပြသခွင့်ရဖို့တော့ များပါတယ်။ ကြိုးလည်း ကြိုးစားနေပါတယ်။ ပြဖြစ်မယ်ဆိုရင်တော့ ဒီလာမယ့် ၂၉ ရက်နေ့ ပွဲကတည်းပါ။ တစ်ရာသီလုံးပြနိုင်မလား ဘယ်အချိန်အတိုင်းအတာအထိ ပြမလဲ ဆိုတာတော့ မသိရသေးပါဘူး။ အတိအကျသိရတာနဲ့ အမြန်ဆုံး သတင်းထုတ်ပြန်ပေးပါမယ်။ ဒါမှလည်း မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်တွေကို ပရိသတ်စိတ်ဝင်စားမှု ပိုမြင့်လာမှာပါ ” ဟု ဦးစိုးမိုးကျော်က ပြောသည်။

မြန်မာနိုင်ငံပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးရဲထွဋ်ှကလည်း သူ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ပရိသတ်တစ်ဦး၏ မေးကြားထားမှုအပေါ် လာမည့် ၂၉ ရက်မှ စတင်ကာ လိဂ်ပွဲများ မြန်မာ့ရုပ်မြင်သံကြားတွင် ပြသရန် ညှိနှိုင်းစီစဉ်နေသည် ဟု ဖြေကြားထားသည်ကို တွေ့ရသည်။ ၂၀၀၉ခုနှစ်မှစတင်ကျင်းပခဲ့သော မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များကို မြန်မာ့ရုပ်မြင်သံကြား၊ MRTV-4 စသည့် Free to air ရုပ်သံလိုင်းများယခင်ကလည်း တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly