စစ်ကောင်စီက သင်္ကြန်ပွဲတော်ကို အသည်းအသန် ကျင်းပဖို့ ဘာကြောင့် ကြိုးပမ်းနေတာလဲ

စစ်ကောင်စီက သင်္ကြန်ပွဲတော်ကို အသည်းအသန် ကျင်းပဖို့ ဘာကြောင့် ကြိုးပမ်းနေတာလဲ

ဧပြီလ ၁၁ ရက်

မကြာခင် ကျရောက်တော့မယ့် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကို စစ်ကောင်စီက ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအဝင် မြို့ကြီးတွေမှာ ပျော်ပွဲရွှင်ပွဲတွေနဲ့ ကျင်းပဖို့ ပြင်ဆင်နေပြီး ရေကစားမဏ္ဌပ်တွေ ဆောက်လုပ်နေတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် အရပ်သား ပြည်သူတွေ နေ့စဉ်သတ်ဖြတ်၊ ဖမ်းဆီးခံနေရတာကြောင့် ပျော်ရွှင်ရမယ့်အချိန်မဟုတ်တဲ့အတွက် စစ်ကောင်စီက ကျင်းပမယ့် သင်္ကြန်ပွဲတော်ကို သပိတ်မှောက်ဖို့နဲ့ တော်လှန်သင်္ကြန်အဖြစ်သာ ဆင်နွှဲကြဖို့ တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းနေ ကြတာပါ။

စစ်တပ်က အာဏာသိမ်းပြီးနောက် ပထမဆုံးကြိမ်အဖြစ် စည်စည်ကားကား ကျင်းပဖို့ စီစဉ်နေတဲ့ ဒီသင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွှဲဖို့ စိုင်းပြင်းနေသူတွေ ရှိသလို သပိတ်မှောက်ဖို့ ပြင်ဆင်ထားတဲ့ ပြည်သူတွေ အများအပြားလည်း ရှိနေပါတယ်။

ဒီလိုအခုနှစ် သင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွှဲသင့်သလား၊ မသင့်ဘူးလား။

စစ်ကောင်စီကရော သင်္ကြန်ပွဲတော်ကို ပုံဖော်နေတာ ဘာကြောင့်ပါလဲ စတာတွေကို အခုတစ်ပတ် Mizzima Editorial Talk အစီအစဉ်မှာ သတင်းခန်းစီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်းနဲ့အတူ နောင်နောင်တို့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required