NLD အတွက် စီးပွားရေး တာအထွက် ဘယ်လိုဖြစ်လာမလဲ

NLD အတွက် စီးပွားရေး တာအထွက် ဘယ်လိုဖြစ်လာမလဲ

၂၀၁၆ ဧပြီအစောပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ့ပါတီက အစိုးရအာဏာ ယူပါမည်။ သို့သေ်လည်း ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရငါးနှစ်သက်တမ်းလုပ်ဆောင်နိုင်မှုအပေါ် မြန်မာပြည်သူတို့၏ မျှော်လင့်ထင်ကြေးများက မစားရဝခမန်း ရှိနေတော့သည်။

ရွေးကောက်ပွဲမတိုင်မီ NLD ၏ စီးပွားရေးပန်းတိုင်က အကြမ်းထည် ဆန်လွန်းသည်။ NLD နှင့် နီးစပ်သည့် စီးပွားရေးပညာရှင်များက စိုက်ပျိုးရေးကဏ္ဍသည် အဓိက ဦးစားပေး ဖြစ်လာမည်ဟု ဆိုသည်။ တကယ့်မူဝါဒများ အထူးသဖြင့် ဘဏ္ဍာရေး နည်းနာများက တစ်ပိုင်းလို သဘောမျိုး ဖြစ်နေသည်။ ထို့အတွက် ဘတ်ဂျက်လိုငွေပြမှုနှင့် ငွေကြေးဖောင်းပွမှုတို့ကို မထိန်းနိုင်ခြင်းကို ထည့်မတွက်သေးသည့် သဘောဖြစ်နေသည်။

သို့ရာတွင် စီးပွားရေးမူဝါဒ အခင်းအကျင်းနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် အစိုးရ စွမ်းဆောင်ရည်တို့က မုန်တိုင်းသဖွယ် အုပ်ဆိုင်းနေပါသည်။ စည်းဝေးတွေ့ဆုံမှုများ မရှိဘဲနှင့် အနိုင်ရ ဒေါ်အောင်ဆန်းစုကြည် အစိုးရ၏ ရေချိန်နှင့်အတူ အထက်ပါ ခြိမ်းခြောက်မှုများသည်  မြန်မာပြည်သူများနှင့် နိုင်ငံတကာအသိုင်းအဝန်းတို့၏ မျှော်လင့် ထားသလောက်တောင် မရှိသည့် အစိုးရသစ်၏ စီးပွားရေး ပန်းတိုင်ဆီတောင် မတက်လှမ်း နိုင်အောင် ဖြစ်စေမည်မှာ ကျိန်းသေသလောက် နီးပါးဖြစ်ပါမည်။ ထို့အပြင် နိုင်ငံခြား သံတမန်ဆက်ဆံရေး၊ လူမှုကူညီပေးရေးအဖွဲ့များ၊ နိုင်ငံတကာNGOs များနှင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများ၏ ဖိအားများကိုလည်း ဖြစ်စေပြီး ငြိမ်းချမ်းရေး ဖော်ဆောင်ရန်နှင့် စီးပွားရေး လည်ပတ်အား တည်ဆောက်နိုင်ရေးတို့တွင် ပိုမိုခက်ခဲလာစေမည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည့် လက်ဦးအားဖြင့် နိုင်ငံရေး ပြဿနာသာဖြစ်ပါသည်။ သို့သော် အဓိက စီးပွားရေး လှိုင်းဂယက်များလည်း ဖြစ်နေသည်။ တိုင်းရင်းသား လူနည်းစုများ နေထိုင်ရာ မြန်မာနယ်စပ်ဒေသများမှ သဘာဝ သယံဇာတ အရင်းအမြစ်များ ထွက်ရှိနေခြင်းသည် တိုင်းရင်းသားများ၏ ကိုယ်ပိုင်မူကို ကာကွယ်ရန် နှစ်ပေါင်း ခြောက်ဆယ်နီးပါး တိုက်ပွဲဝင်နေသည့် လက်နက်ကိုင်တပ်ဖွဲ့များ၏ ရန်ပုံငွေကို ဆက်လက် ဖြည့်တင်းပေးနေဆဲ ဖြစ်သည်။ ကွန်မြူနစ်များနှင့် အခြားအဖွဲ့များ၏ မင်းမူနေခြင်းကို ရပ်တန့် ပစ်ရန်အတွက် မြန်မာတပ်မတော်အတွက် အမှန်စင်စစ် မကြာရှည်သင့်ခြင်းသည် တိုက်ပွဲများကို အမျှင်တန်းစေတော့သည်။ ယင်းအစား စစ်တပ်က သယံဇာတမြေကို ထိန်းချုပ်ရေးသာ ကြိုးစားနေတော့သည်။ ပြည်တွင်းစစ်ကား သဘာဝသံယဇာတ ကျိန်စာသင့်နေခြင်းပင် ဖြစ်တော့သည်။

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ရှိနေသည့် နောက်ထပ်စီးပွားရေးကဏ္ဍက တိုင်းရင်းသား ပြည်နယ်များရှိ စီးပွားရေး ဖွံ့ဖြိုးမှုစီမံကိန်းများအပေါ် ညိနှိုင်းမရသည့် မကျေအေးနိုင်သော အမြင်များပင် ဖြစ်သည်။ တိုင်းရင်းသား လူနည်းစုက ယင်းတို့ဒေသတွင် အခြေခံ အဆောက်အအုံများ၊ အထူး စီးပွားရေးဇုန်နှင့် အခြားစီမံကိန်းများကဲ့သို့ ရင်းနှီးမြုပ်နှံမှုများက လူများစုများဖြစ်သည့် ဗမာများက ပိုမိုကြီးစိုးရန် ခြေလှမ်းခြင်းဖြစ်သည်ဟု အမှန်တကယ် စိုးရိမ်မှုများ ရှိထားသည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးရရှိမှုနှင့် ပတ်သက်ပြီး အာဖဂန်နစ္စတန်၊ အီရတ် သို့မဟုတ် ဆီးရီးယားတို့က ရရှိသည့် ငြိမ်းချမ်းရေးများထက် ပိုမိုလွယ်ကူမည်ဟု ယုံကြည်သူ မည်သူ တစ်ဦးတစ်ယောက် အတွက်မဆို ကောင်းချီးသြဘာပေးစရာသာ ရှိပါတော့မည်။ ဥပမာအားဖြင့် ပြီးခဲ့သည့် ဆန်းစစ်သုတေသန ပြုချက်က မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါး ကုန်သွယ်မှု တိုက်ဖျက်ရေး ရည်ရွယ်လုပ်ဆောင်မှုများက သစ်ခိုးခုတ်မှောင်ခို ကူးခြင်းနှင့် တောရိုင်း တိရစ္ဆာန်များ မှောင်ခိုကူးခြင်းကဲ့သို့ အခြားသော တရားမဝင် စီးပွားရှာမှုများအပေါ် မည်သို့ နှိုးဆွနေနိုင်သည်ကို ရှင်းလင်းပြသည်။ ငြိမ်းချမ်းရေးသို့ သွားရာလမ်းကြောင်းသည် မူးယစ်ဆေးဝါး စီးပွားရေးကို တော်သင့်ရုံ မထိခိုက်စေမည့် မူဝါဒများ ရှိနေရန် လိုအပ်ပါလိမ့်မည်။ သို့သော် ထိုသို့ဆိုလျှင် နိုင်ငံခြားမိတ်ဖက်များစွာ၏ ပြစ်တင်ရှုတ်ချမှုများ ခံရမည်လည်း ဖြစ်သည်။ 

အစိုးရ၏စွမ်းဆောင်ရည်က လာမည့် NLD အစိုးရအတွက် ခြေလှမ်းများဖြစ်လာပါမည်။ နိုင်ငံခြားသားများ မြန်မာနိုင်ငံသို့ သွားလာမှု အဆင်ပြေပြီး အစိုးရဝန်ကြီးတစ်ဦးနှင့် အင်္ဂလိပ်လို အားရကျေနပ်စွာ စကားပြောဆိုလာနိုင်ပြီး သဘောတူညီမှုများကို အကောင်အထည်ဖော်မှုတွင် ယုံကြည်မှုများ ထားနိုင်လာမည်ဖြစ်သည်။ ဦးသိန်းစိန်အစိုးရလက်ထက် ငါးနှစ်တာတွင် အစိုးရစွမ်းဆောင်ရည်က အလုပ်မဖြစ်ခဲ့ဘဲ ချိုငဲ့ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရက ဒါက များစွာမြင့်တင်လာနိုင်ပါလိမ့်မည်။

မြန်မာနိုင်ငံရှိ နိုင်ငံခြားအစုအဖွဲ့များသည် တည်ရှိဆဲ ဗျူရိုကရေစီ အုပ်ချုပ်ရေးကို မြင့်တင်ပေးခြင်းထက် အတိုက်အခံကဲ့သို့ ခိုင်မာသည့် လူမှုအဖွဲ့အစည်းများသို့ အကူအညီများ ပိုမိုပေးခြင်းက အနေအထားများကို ပိုမိုဆိုးရွားစေသည်။ ဒေါ်အောင်ဆန်းစုကြည် အစိုးရအာဏာရလာခြင်းက အပြုသဘော လွှမ်းမိုးမှုကို ပိုမိုဖြစ်ထွန်းလာစေမည်မှာ ကျိန်းသေပင်ဖြစ်သည်။ ဆိုလိုသည်မှာ နိုင်ငံခြားသားများ၏ ကွဲပြားရပ်တည်ချက်အပေါ် ပို၍ လက်သင့်ခံမည်ဖြစ်သည်။ ထိုသို့ နိုင်ငံခြားသားများ၏ ကြီးမားသည့် သက်ရောက်မှုက အကြီးတန်း အရာရှိများအတွက် အာရုံထွေပြားမှုကို ဖြစ်စေမည်ဖြစ်သော်လည်း အရေးကြီးသည့် စီးပွားရေးမူဝါဒများကို တိုးတက်လာစေမည်ဖြစ်သည်။

မြန်မာနိုင်ငံ အခြေအနေများသည် ဆူဟာတိုခေတ် အင်ဒိုနီးရှားနှင့် နှိုင်းယှဉ်နိုင်သည်။ ၁၉၆၇ ခုနှစ်က ဗိုလ်ချုပ်ကြီး ဆူဟာတိုအာဏာကို ဖွဲ့စည်းလိုက်ချိန်နောက် အင်ဒိုနီးရှား အစိုးရသည် နည်းဖော်မြူလာများနှင့် စီးပွားရေးမူဝါဒများကို ဖော်ဆောင်ခြင်းများ မရှိသလောက် နည်းခဲ့သည်။ မြန်မာအစိုးရအတွက်ကတော့ ထို့ထက် အနည်းငယ်တော့ သာပါသည်။ သို့သော်လည်း လာမည့် ငါးနှစ်အတွက် လူထု၏ ပြင်းပြသော စီးပွားရေးဆန္ဒများကို လက်ဝယ်ရရှိရေးအတွက်တော့ အလှမ်းဝေး နေဆဲဖြစ်သည်။

ဆူဟာတိုကတော့ နှစ်ပေါင်း ၂၀ မှာသာ ဝင်ငွေနည်းတိုင်းပြည်မှ အလယ်အလတ် ဝင်ငွေရှိသည့် တိုင်းပြည်အဖြစ် မြင့်တင်နိုင်ခဲ့သည်။ သူက စီးပွားရေးမူဝါဒများကို Berkeley Mafia ဟု တံဆိပ်တပ်ခံရသည့် မူဖော်ဆောင်သည့် ပညာရှင်များအဖွဲ့သို့ အာဏာ လက်လွှဲခဲ့သည်။  လက်ညိုးထောင် ခေါင်းညိတ်လွှတ်တော်အပါအဝင် အာဏာကြီးစိုးသည့် နိုင်ငံရေး စနစ်အပေါ်တွင် ပြင်းထန်စွာ အုပ်ချုပ်ခဲ့သည်။

သူ့လက်ထက် နောက်ပိုင်းဆယ်နှစ်အတွင်း အာဏာအထက်ပိုင်းများ၏ ဝန်တိုမှုများကြောင့် ဆူဟာတို၏ သြဇာက ပါးလျလာသည်။ လူထုအားက ၁၉၉၈ တွင် သူ့ကို တွန်းချလိုက်ပြီး အင်ဒိုနီးရှား၏ ဒီမိုကရေစီအုပ်ချုပ်မှုဆီ အသွင်ကူးပြောင်းခဲ့တော့သည်။ သို့သော်လည်း အင်ဒိုနီးရှားဒီမိုကရေစီ၏ စီးပွားရေးပုံစံသည် တစ်ပိုင်းတစ်စ အောင်မြင်မှုသာဖြစ်သည်။ ရွေးကောက်ခံလွှတ်တော်က စွမ်းအင်အထောက်အပံ့ လျှော့ချရေးကဲ့သို့သော  စီးပွားရေး ပြုပြင်ပြောင်းလဲမှု များစွာအတွက် အကြီးဆုံးသော အဟန့်အတားဖြစ်နေသည်။ ကိုယ်ကျိုးမျှော် စီးပွားရှာသူများနှင့် လူများစုထင်မြင်ချက်တို့၏ ဖိစီးမှုများကြောင့်ပဲဖြစ်သည်။

မြန်မာနိုင်ငံတွင် မီးမောင်းထိုးပြထားသည့် မေးခွန်းများ၏ အဖြေသည် စီးပွားရေး ပန်းတိုင်ဖော်ဆောင်ရေး NLD အောင်မြင်မှုအပေါ် ဆုံးဖြတ်ချက်ပေးလိမ့်မည် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အစိုးရအနေဖြင့် စီးပွားရေး စီမံခန့်ခွဲမှုအတွက် အားကောင်းသည့် ပညာရှင်အဖွဲ့ကို ဖွဲ့စည်းကာ အာဏာ သက်ဝင်စေနိုင်မည်လား။ မြန်မာနိုင်ငံ၏ လွှတ်တော်တွင် ကိုယ်ပိုင်အကျိုးနှင့် ချမ်းသာသူများ၏ ထောက်ခံမှုများအစား အမျိုးသားအကျိုးစီးပွားအတွက် အက်ဥပဒေများ အသက်ဝင်ပါမည်လား။ ထပ်မံ၍ နိုင်ငံခြားအသိုက်အဝန်းက မြန်မာဝန်ကြီးများနှင့် အာဏာရှင်ဗိုလ်ချုပ်ကြီးများအပေါ် မည်သို့ အခန်းကဏ္ဍဖြင့် ဆက်ဆံလာမည်နည်း။ 

စိတ်မကောင်းစရာ အတိတ် နှစ် ၂၀ အတွင်း  ကမ္ဘာ့အတွေ့အကြုံကတော့ မြန်မာနိုင်ငံသည် အားတက်စရာ သက်သေအဖြစ် ရှိမနေပါ။ NLD ၏ စီးပွားရေး ပန်းတိုင်သည် ယခု ဆိုလိုရင်းများကြောင့် (နိုင်ငံ၏ အင်စတီ ကျုရှင်းများ)ကြောင့် အလုပ်ဖြစ်မြောက် လာလိမ့်မည်မဟုတ်ပါ။

(ဤဆောင်းပါးသည် စင်္ကာပူအခြေစိုက် အွန်လိုင်း မီဒီယာ တစ်ခုဖြစ်သော  EconomyWatch  တွင် ပါရှိသည့် Time for Myanmar's NLD to Step Up to the Economic Plate ကို ဆီလျောက်အောင် ဘာသာပြန်ဆို ဖေါ်ပြခြင်းဖြစ်ပြီး မဇ္ဈိမ၏ အာဘော်မဟုတ်ပါ။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags