“ပေတရာပေါ်မှာစီးတဲ့သွေးတွေကို သင်္ကြန်ရေနဲ့မဆေးကြော”ရွာပေါင်းစုံသပိတ် စစ်ကြောင်း ၃၉၄ ရက် မြောက် ချီတက်ဆန္ဒပြ

“ပေတရာပေါ်မှာစီးတဲ့သွေးတွေကို သင်္ကြန်ရေနဲ့မဆေးကြော”ရွာပေါင်းစုံသပိတ် စစ်ကြောင်း ၃၉၄ ရက် မြောက် ချီတက်ဆန္ဒပြ

ဧပြီလ ၈ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်း နှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်း ရှိ ရွာများ စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၃၉၄ ရက် မြောက်အဖြစ် ယနေ့ ဧပြီလ ၈ ရက်နေ့တွင် ချီတက်ဆန္ဒပြကြသည်။

“ပေတရာပေါ်မှာစီးတဲ့သွေးတွေကို သင်္ကြန်ရေနဲ့မဆေးကြော” စာတန်းကိုင်စွဲပြီး ကြွေးကြော်သံများဟစ်ကြွေးပြီး သွေးသစ္စာသီချင်းသံပြိုင်သီဆိုကာ ကျဆုံးအာဇာနည် များအား အလေးပြုခဲ့ကြသည်။ ရွာပေါင်းစုံ သပိတ် စစ်ကြောင်းသည် မတ်လ ၉ ရက် ၂၀၂၁ နေ့မှ စတင် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required