ငလျင်ဒဏ်သင့်ပြည်သူများကို ပါကစ္စတန်အစိုးရ ပံ့ပိုးရန် ပျက်ကွက်မှုအပေါ် ဆန့်ကျင်ဆန္ဒပြ

ငလျင်ဒဏ်သင့်ပြည်သူများကို ပါကစ္စတန်အစိုးရ ပံ့ပိုးရန် ပျက်ကွက်မှုအပေါ် ဆန့်ကျင်ဆန္ဒပြ

ပါကစ္စတန်နိုင်ငံ ဂီဂစ် ဘောလ်တီစတန်ဒေသ ရွန်ဒူ တောင်ကြားမှ ငလျင်ဒဏ်သင့်ခဲ့သော ပြည်သူများအား အစိုးရဘက်က အလေးပေး အရေးစိုက်ခြင်း မရှိခြင်းအတွက် ငလျင်ဘေးသင့်ပြည်သူများက ဆန္ဒထုတ်ဖော်မှု တစ်ခုကို ပြုလုပ်ခဲ့ကြသည်။

ယမန်နှစ် ဒီဇင်ဘာလက ဂီဂစ် ဘောလ်တီစတန်ဒေသ ရွန်ဒူတောင်ကြားတွင် အင်အားပြင်း ငလျင်တစ်ခု လှုပ်ခဲ့ပြီး နောက် မတ်လ ၁၆ ရက်တွင်လည်း ငလျင်တစ်ခု ထပ်မံလှုပ်ခဲ့သည်။

အဆိုပါ သဘာဝဘေးကြောင့် အိမ်ခြေ ၂၀၀ ကျော် ပျက်စီးခဲ့ပြီး လူအများအပြား ထိခိုက်ဒဏ်ရာရခဲ့ပြီး ငလျင်ကြောင့် နေအိမ်များကို ဆုံးရှုံးခဲ့ရသူ အများအပြားသည် တဲစခန်းများသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြရသည်။

ငလျင်လှုပ်ပြီး မြေပြိုမှုများကြောင့် ရွန်ဒူ ခရိုင်နှင့် ဒေသ၏ ကျန်နေရာများကို ဆက်သွယ်သည့် စကာဒူ-ဂီဂစ် လမ်း ပိတ်ဆို့သွားကြောင်း ဂီဂစ် သတင်းမီဒီယာ ကလပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ဒေသခေါင်းဆောင်တစ်ဦးက ပြောသည်။

ဆည်ရေပေးမှု လမ်းကြောင်းများလည်း ပျက်စီးသွားခဲ့သည့်အတွက် ယင်းက အသက်ရှင်ရပ်တည်ရေးအတွက် စိုက်ပျိုးရေးအပေါ် အမှီသဟဲ ပြုနေကြရသည့် ဒေသခံများအပေါ် ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့သည်ဟု ၎င်းက ပြောသည်။

အကူအညီ ရရှိရေး အကြိမ်ကြိမ် ပန်ကြားခဲ့သော်လည်း ပါကစ္စတန်အစိုးရသည် ၎င်းတို့၏ ပန်ကြားချက်များကို လျစ်လျူရှုခဲ့ပြီး လက်ရှိအချိန်အထိ ၎င်းတို့၏ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းပေးခြင်း မရှိသေးကြောင်း အဆိုပါဒေသခေါင်းဆောင်ဖြစ်သူက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly