တရုတ်၏ တင်းကျပ်သော ထိန်းချုပ်မှုကြောင့် ဟောင်ကောင်၏ စီးပွားရေးအချက်အချာကျမှု လျော့ကျလာ

တရုတ်၏ တင်းကျပ်သော ထိန်းချုပ်မှုကြောင့် ဟောင်ကောင်၏ စီးပွားရေးအချက်အချာကျမှု လျော့ကျလာ

ဟောင်ကောင်အား တရုတ်သို့ လွှဲပြောင်းပေးသည့် ၂၅ နှစ်မြောက် နှစ်ပတ်လည်နေ့ နီးကပ်လာသည်နှင့်အမျှ တရုတ်က ဟောင်ကောင်အုပ်ချုပ်မှုကို တင်းကျပ်လာသဖြင့် ဟောင်ကောင်၏ လွတ်လပ်မှုများ လျော့နည်းလာ ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က မတ် ၃၁ရက်က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

“တရုတ်နိုင်ငံ (PRC) သည် ၂၀၂၁ခုနှစ်တွင် ဟောင်ကောင်၏ ဒီမိုကရက်တစ်အင်စတီကျူးရှင်းများကို ဆက်လက်ဖြိုခွင်းခဲ့ပြီး တရားစီရင်ရေးအပေါ် မကြုံစဖူးဖိအားပေးမှုများနှင့် ပညာရေး၊ ယဉ်ကျေးမှုနှင့် စာနယ်ဇင်းလွတ်လပ်ခွင့်များကို ပိတ်ပင်ထားသည်။ ဟောင်ကောင်အား တရုတ်သို့ လွှဲပြောင်းပေးသည့် ၂၅ နှစ်မြောက် နှစ်ပတ်လည်နေ့ နီးကပ်လာသည်နှင့်အမျှ တရုတ်က ဟောင်ကောင်အုပ်ချုပ်မှုကို တင်းကျပ်လာ သဖြင့် ဟောင်ကောင်၏ လွတ်လပ်မှုများ လျော့နည်းလာသည်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ပြောကြားခဲ့သည်။

တရုတ်အစိုးရ၏ ဆက်လက်ဖိနှိပ်မှုများကြောင့် ဟောင်ကောင်နှင့် တရုတ်မြို့ကြီးများကြား ကွာဟချက်မှာ ကျဉ်းမြောင်း သွားသည်” ဟု ၎င်းက ထပ်လောင်းပြောသည်။

ဟောင်ကောင်နှင့် PRC ခေါင်းဆောင်များက ဟောင်ကောင်မူဝါဒရေးရာ အစီရင်ခံစာ စာတမ်း၏ လုပ်ဆောင် ချက်များတွင် ဒီမိုကရေစီ အင်စတီကျူးရှင်းများနှင့် လူ့အခွင့်အရေးများကို တဖြည်းဖြည်း ဖျက်ဆီးခဲ့ပြီး မီဒီယာ လုပ်ငန်းများနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကိုလည်း ထိခိုက်စေခဲ့ကြောင်း ဘလင်ကင်က ပြောကြား ခဲ့သည်။

“ဒီနှစ် ဟောင်ကောင်မူဝါဒဥပဒေ အစီရင်ခံစာမှာ ဟောင်ကောင်နဲ့ တရုတ်ခေါင်းဆောင်တွေရဲ့ လုပ်ဆောင် ချက်တွေက ဒီမိုကရေစီအင်စတီကျူးရှင်းတွေနဲ့ လူ့အခွင့်အရေးတွေ ယိုယွင်းလာပြီး လွတ်လပ်တဲ့ မီဒီယာ လုပ်ငန်းတွေနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို အကြီးအကျယ် ထိခိုက်ပျက်စီးစေခဲ့တယ်လို့ ဆိုပါတယ်။ ဒီမူဝါဒတွေက နိုင်ငံတကာစီးပွားရေးနဲ့ ငွေကြေးအသိုင်းအဝိုင်းတွေ အပါအဝင် ဟောင်ကောင် လူနေမှုဘဝကဏ္ဍအားလုံးကို ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်မှုရှိခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။

လွန်ခဲ့သည့် ၂ နှစ်က ဒီမိုကရေစီလိုလားသော လမ်းပေါ်ထွက် ဆန္ဒပြမှုများနှင့် ဆက်နွှယ်သည့် စွဲချက်များဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရသော လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ အများအပြား ဖမ်းဆီးခံရမှုကို ဟောင်ကောင် ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လျင်မြန်စွာ ကျဆင်းလာမှုအတွက် ထိုးနှက်ချက် ဖြစ်သည်ဟု ဘလင်ကန်က ပြောကြားခဲ့သည်။

တရားဥပဒေစိုးမိုးရေးနှင့် လူတစ်ဦးချင်းစီ၏ လွတ်လပ်မှုကို အခြေခံသည့် အရပ်ဘက်အဖွဲ့အစည်းများ၏ လုပ် ဆောင်မှုများသည် တက်ကြွသည့် လူ့အဖွဲ့အစည်းတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

“အပြည့်အဝ လည်ပတ်နေတဲ့ အရပ်ဘက်လူ့အဖွဲ့အစည်း၊ တရားဥပဒေစိုးမိုးရေးနဲ့ တစ်ဦးချင်း လွတ်လပ် ခွင့်တွေက တက်ကြွသည့် လူ့အဖွဲ့အစည်းတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ ဟောင်ကောင်ပြည်သူတွေနဲ့အတူ ရပ်တည်ပါတယ်” ဖြစ်သည်ဟုလည်း ဘလင်ကင်က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly