ဟောင်ကောင်တွင် အသက် ၁၀နှစ်အောက် ကလေး ၂၀ဝ၀ အား ကိုဗစ်-၁၉ ကြောင့် ဆေးရုံတက်နေရသည့် မိဘများနှင့် ခွဲထားရ

ဟောင်ကောင်တွင် အသက် ၁၀နှစ်အောက် ကလေး ၂၀ဝ၀ အား ကိုဗစ်-၁၉ ကြောင့် ဆေးရုံတက်နေရသည့် မိဘများနှင့် ခွဲထားရ

မိဘများက ကိုဗစ်-၁၉ ဖြင့် ဆေးရုံတက်ခဲ့ရသဖြင့် လွန်ခဲ့သည့် ၆ ပတ်အတွင်း အသက် ၁၀နှစ်အောက် ကလေး ၂၀ဝ၀ သည် မိဘများနှင့် ခွဲထားခဲ့ရကြောင်း ဟောင်ကောင် ပရဟိတအဖွဲ့တစ်ခုက ခန့်မှန်းခဲ့ပြီး ယင်းအဖွဲ့၏ အမှုဆောင်ဥက္ကဌက ယင်းလုပ်ရပ်ကို ကလေးသူငယ်များအား နှိပ်စက်ခြင်းဟု သတ်မှတ်လိုက်သည်။

အဆိုပါကိန်းဂဏန်းအား ဆေးရုံအာဏာပိုင်များက အတည်မပြုသေးသော်လည်း လွှတ်တော်အမတ်များ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ၊ ဥပဒေကျွမ်းကျင်သူများနှင့် စိတ်ကျန်းမာရေး အဖွဲ့အစည်းတစ်ခုမှ မတ်လ ၂၈ရက်တွင် ဆေးရုံအာဏာပိုင်များက ကိုရိုနာဗိုင်းရပ်ကူးစက်ခံထားရသော ကလေးငယ်များကို ကုသမှုခံယူနေစဉ်အတွင်း မိဘဖြစ်သူများနှင့် သီးခြားခွဲမထားရန် အစိုးရအား တိုက်တွန်းထားသည်။

ကူးစက်ခံရသော မိသားစုများ၏ ဖိစီးမှုနှင့် ဝမ်းနည်းပူဆွေးမှုများကို သက်သာရာရစေရန် ကူညီပေးရန် အာဏာ ပိုင်များအား ပြတ်သားသည့် လမ်းညွှန်မှုပေးရန်လည်း တောင်းဆိုထားသည်။

စိတ်ကျန်းမာရေး ပရဟိတအဖွဲ့ Mind Hong Kong ၏ အမှုဆောင် ဥက္ကဌ ဒေါက်တာ လူစီလော့က ကလေး တစ်ဦးကို မိဘများနှင့် ခဏတာ ခွဲခွာခြင်းသည် စိတ်ဒဏ်ရာရနိုင်သဖြင့် ကလေး၏ စိတ်ကျန်းမာရေးအပေါ် ရေရှည်အကျိုးသက်ရောက်မှုရှိကြောင်း ပြောကြားခဲ့သည်။

“ရောဂါကူးစက်ခံထားရတဲ့ ကလေးနဲ့အတူ ဆေးရုံတက်ခွင့်ပြုတဲ့ မိဘတွေကို မတွေ့ဖူးသေးပါဘူး” ဟု သူမက ဆိုသည်။ “ဒါက လက်မခံနိုင်ဘူး။ ဒါဟာ ဘယ်အဆင့်မှာမဆို ကလေးသူငယ် ညှင်းပန်းနှိပ်စက်မှုပါပဲ”

ဟောင်ကောင်ရှိ Central Health Medical Practice တွင် သားဖွားမီးယပ် အထူးကု ဆရာဝန်တစ်ဦးလည်း ဖြစ်သည့် ဒေါက်တာ လူစီလော့က လွန်ခဲ့သည့် ၅ ပတ်မှ ၆ ပတ်အတွင်း မိဘများနှင့် ခွဲခွာခဲ့ရသည့် ကလေး

ပေါင်း ၁,ဝဝဝ မှ ၂,ဝဝဝ ခန့်ရှိကြောင်း ခန့်မှန်းထားပြီး ၉၀ ရာခိုင်နှုန်းကျော်မှာ ဒေသခံမိသားစု ဝင်များ ဖြစ်ကြောင်း ဆိုသည်။

ဆေးကုသမှုဆိုင်ရာအတွေ့အကြုံရှိ သည့် ပြည်ပလူနာများ၏ ၃၀ ရာခိုင်နှုန်းခန့်သည် ကိုဗစ်-၁၉ ကူးစက်ခံရပါက ကလေးများနှင့် ခွဲခွာရမည်ကို စိုးရိမ်သောကြောင့် မိသားစုများနှင့်အတူ ဟောင်ကောင်မှ ထွက်ခွာသွားကြောင်း သူမက ထပ်လောင်းပြောကြားခဲ့သည်။

ဟောင်ကောင်ပြည်သူ့ဆေးရုံများတွင် ကိုရိုနာဗိုင်းရပ်စ် လူနာများဖြင့် ပြည့်နှက်နေဆဲဖြစ်ပြီး ခုတင်များနှင့် သီးသန့်ခွဲထားသည့် နေရာ များစွာပြတ်လပ်မှုနှင့် အတူ ကူးစက်ခံထားရသော ကလေးများကို မိဘများ မပါဘဲ သီးသန့်ခွဲထားသည်။

ယင်းကဲ့သို့ တင်းကျပ်သောမူဝါဒကြောင့် အများပြည်သူများ ဒေါသထွက်ခဲ့ကြပြီး ဟောင်ကောင်တွင် နေထိုင်သူ အများအပြားသည် ၎င်းတို့၏ အနာဂတ်ကို ပြန်လည်စဉ်းစားလာခဲ့ကြသည်။

အချို့သောမိဘများသည် ခွဲခွာရမည်ကို ကြောက်ရွံ့သောကြောင့် ၎င်းတို့၏ ကလေးများကူးစက်ခံရမှုကို သတင်းပို့ရန် ဇဝေဇဝါဖြစ်လာကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly