ရုရှားနှင့် ယူကရိန်းကြား စစ်ပွဲက တရုတ်တို့ တိဘက်ကို သိမ်းပိုက်ခြင်းအား ပြန်လည် အမှတ်ရစေသည်ဟု နိုင်ငံတကာ ဥပဒေပညာရှင် ပြောကြား

ရုရှားနှင့် ယူကရိန်းကြား စစ်ပွဲက တရုတ်တို့ တိဘက်ကို သိမ်းပိုက်ခြင်းအား ပြန်လည် အမှတ်ရစေသည်ဟု နိုင်ငံတကာ ဥပဒေပညာရှင် ပြောကြား

ရုရှားနှင့် ယူကရိန်းကြား စစ်ပွဲသည် တိဘက်ကို တရုတ်တို့ သိမ်းပိုက်ခြင်းကို ပြန်လည်အမှတ်ရစေသည်ဟု နိုင်ငံတကာ ဥပဒေပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။

“ယနေ့ ယူကရိန်းမှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေရဲ့ စိတ်ဝင်စားစရာ ရလဒ်ကတော့ တရုတ်လို အင်အားကြီးနိုင်ငံတွေက တိဘက်၊ အရှေ့တာကစ္စတန်နဲ့ တောင်မွန်ဂိုလီးယားတို့လို အားနည်းတဲ့ အိမ်နီးချင်း နိုင်ငံတွေကို သိမ်းပိုက်ဖို့ သမိုင်းနဲ့ ဥပဒေကို လိုသလို အဓိပ္ပာယ်ဖွင့်ပြီး သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အင်အားကို အသုံးပြုနေတာကို ပြန်လည်အမှတ်ရစေပါတယ်” ဟု နိုင်ငံတကာ ပဋိပက္ခဖြေရှင်းရေးကို အထူးပြုလေ့လာသည့် နိုင်ငံတကာ ဥပဒေပညာရှင် ပါမောက္ခ မိုက်ကယ် ဗင်ဝေါ့က ပြောကြားခဲ့ကြောင်း The Singapore Post သတင်းတွင် ဖော်ပြထားသည်။

ရုရှားက ယူကရိန်း၏ ခွဲထွက်ဒေသများဖြစ်သည့် ဒွန်းတက်နှင့် လူဟန့်ဒေသတို့ကို သီးခြားခွဲထွက် နယ်မြေများ အဖြစ် ကြေညာခဲ့ပြီး ၃ ရက်အကြာတွင် ရုရှားတပ်ဖွဲ့များက ဖေဖော်ဝါရီလ ၂၄ရက်တွင် ယူကရိန်းတွင် စစ်ရေးစစ်ဆင်ရေးများ စတင်ခဲ့သည်။

ဗြိတိန်၊ အမေရိကန်၊ ကနေဒါနှင့် ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံအများအပြားသည် ယူကရိန်းတွင် ရုရှား၏ စစ်ရေးဆောင်ရွက်မှုများကို ရှုတ်ချပြီး ရုရှားကို ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားသည်။

“ဒီနေ့ခတ်မှာ ရုရှားသမ္မတပူတင်ပြုလုပ်ခဲ့တဲ့ အငြင်းပွားဖွယ်ကိစ္စရပ်နဲ့ ရုရှားစစ်တပ်က ယူကရိန်းကို ကျူး ကျော်မှု လုပ်ရပ်တွေက တရုတ်က တိဘက်ကို ၁၉၅၀-၁၉၅၁ ခုနှစ်မှာ သိမ်းပိုက်ခဲ့တာတွေနဲ့ ဆင်တူပါတယ်” ဟု ကယ်လီဖိုးနီးယားတက္ကသိုလ်တွင် လူမှုရေးသိပ္ပံ အကြီးတန်းသုတေသီအဖြစ် လက်ရှိဆောင်ရွက်နေသည့် မိုက်ကယ်က ဆက်လက်ပြောကြားခဲ့ကြောင်း The Singapore Post သတင်းတွင် ဖော်ပြထားသည်။

ဟိမဝန္တာအာရှလေ့လာရေးနှင့် ဆက်ဆံမှုဗဟိုဌာန (CHASE) နှင့် တိဘက်လူငယ်ကွန်ဂရက် (TYC) တို့ ပူးပေါင်းစီစဉ်သည့် အွန်လိုင်းအစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းအစည်းအဝေးတွင် ပါမောက္ခ မိုက်ကယ်နှင့် မစ်ခ်ဘော့ဂျက်စ်တို့ ပူးပေါင်းရေးသားသော နာမည်ကျော် “တိဘက်အကျဉ်းချုပ်- ၂၀/၂၀” စာအုပ်ကို အဓိကထား ဆွေးနွေးခဲ့သည်။

လွန်ခဲ့သောနှစ်ပေါင်း ၇၀ မတိုင်ခင်က လွတ်လပ်သော နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သည့် တိဘက်ကို တရုတ်က အင်အားသုံး သိမ်းပိုက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly