တရုတ်က လက်တင်အမေရိကတွင် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းကို တိုးချဲ့

တရုတ်က လက်တင်အမေရိကတွင် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းကို တိုးချဲ့

နိုင်ငံအများအပြားသည် တရုတ်၏ ခါးပတ်လမ်းရပ်ဝန်း (BRI) စီမံကိန်းတွင် ပါဝင်လာသောကြောင့် တရုတ်သည် တောင်အမေရိကတွင် အကျိုးအမြတ်များသော သဘောတူညီချက်များကို လျှော့ချလျက်ရှိကြောင်း အမေရိကန်က သဘောပေါက်လာသည်။

အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးဆပ်ကော်မတီကြားနာမှုအတွင်း အမေရိကန် အထက်လွှတ်တော်အမတ်များက မတ်လ ၃၁ ရက်က ထိုသို့ထုတ်ဖော်ပြောဆိုခဲ့ကြောင်း RT သတင်းက ဖော်ပြသည်။

လက်တင်အမေရိကတွင်ပေါ်ပေါက်လာသော တရုတ်သြဇာလွှမ်းမိုးမှု ခြိမ်းခြောက်မှုနှင့်ပတ်သက်၍ တောင်အမေရိကနိုင်ငံများသည် အမေရိကန်နှင့် ခပ်ကင်းကင်းနေကြပြီဖြစ်ကြောင်း ပြောခဲ့ကြသည်။လက်တင်အမေရိကသည် ဝါရှင်တန်၏ နောက်ဖေးဥယျာဉ်အဖြစ် ကာလကြာရှည်စွာ မှတ်ယူထားခဲ့ကြသော်လည်း မကြာသေးမီက တရုတ်၏ အရင်းအနှီးများသော စီမံကိန်းကြီးများ၏ ဖျားယောင်းခြင်းကို ခံထားရသည်။

ဒေသတွင်းတွင် အမေရိကန် အကောင်အထည်ဖော်ခဲ့သော စီမံကိန်းများ၊ ကြိးပမ်းအားထုတ်မှုများနှင့် နှိုင်းယှဉ်စရာသိပ်မရှိသော်လည်း ဖေဖော်ဝါရီလက BRI ကို လက်မှတ်ထိုးခဲ့သော အီကွေဒေါ (သို့) အာဂျင်တီးနားကဲ့သို့နိုင်ငံများသည် တရုတ်ငွေကို သေချာပေါက် ပြန်ပေးရန်အတွက် အရည်အသွေးအပေါ် အရဲစွန့်ရန် ဆန္ဒရှိနေကြသည်ဟု ကျွမ်းကျင်သူများ၏ ပြောကြားချက်ကို RT က ကိုးကား ဖော်ပြထားသည်။

“တရုတ်မှာ အစီအစဉ်ရှိတယ်။ ကျွန်တော်တို့မှာ အစီအစဉ်မရှိဘူး" ဟု အထက်လွှတ်တော်အမတ် အက်ဒွပ်မာကီ(မန်ဆာချူးဆက်ပြည်နယ် ဒီမိုကရက်တစ်အမတ်) က အမေရိကန် အေဂျင်စီများစွာမှ တာဝန်ရှိသူများနှင့်၎င်းတို့၏မဟာဗျူဟာများကို ဆွေးနွေးနေစဉ် ရှင်းပြခဲ့သည်။

လက်တင်အမေရိကနှင့် တရုတ်၏ကုန်သွယ်မှုသည် ၂၀၀၂ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀၀ ကျော် တိုးမြင့်လာခဲ့ပြီး ထိုအချိန်အတွင်း တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၆၀ ဘီလီယံရှိသည်။

လက်တင်အမေရိကနိုင်ငံ ၃၁ နိုင်ငံအနက် နိုင်ငံပေါင်း ၂၀ သည် BRI ၏တစ်စိတ်တစ်ပိုင်းအဖြစ် လက်မှတ်ရေးထိုးထားကာ တရုတ်သည် အခြား ၅ နိုင်ငံတွင် အခြေခံအဆောက်အအုံဆိုင်ရာစီမံကိန်းများကို ငွေကြေးထောက်ပံ့ခဲ့သလို နိုင်ငံအများအပြားသည် ထိုင်ဝမ်နှင့် သံတမန်ဆက်ဆံရေးကို လျှော့ချရန် ဖျားယောင်းခံထားရပြီး တရုတ်နှင့်ပိုမိုနီးကပ်လာသည့် လက္ခဏာဖြစ်ကြောင်း RT သတင်း၌ ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly