တိဘက် အမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကိုယ် မီးရှို့

တိဘက် အမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကိုယ် မီးရှို့

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ချင်ဟိုင်ပြည်နယ်၊ တိဘက်ဒေသရှိ ရဲစခန်းတစ်ခုအနီးတွင် တိဘက် အမျိုး သားတစ်ဦးသည် ကိုယ့်ကိုယ်ကိုယ် မီးရှို့ခဲ့ပြီး အာဏာပိုင်များက ၎င်း၏ အခြေအနေနှင့် ပတ်သက်၍ လုံးဝ ရှင်းလင်းချက်မပေးဘဲ ချက်ချင်း သယ်ဆောင်သွားခဲ့ကြောင်း တိဘက်နှင့် အိန္ဒိယနိုင်ငံဆိုင်ရာ သတင်းရင်းမြစ် များက အခင်းဖြစ်ပွားပြီးနောက် တစ်ရက်အကြာ မတ်လ ၃၁ရက်တွင် ပြောကြားသည်။

ဆာရင်းဆန်ဒတ် သို့မဟုတ် ဆာရင်းဟုသိကြသော အဆိုပါအမျိုးသားသည် ချင်ဟိုင်ပြည်နယ်၊ ကျဲဂုခရိုင် ရှိ ရာစူးတိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုတွင် မတ်လ ၃၀ရက် မွန်းလွဲပိုင်းက တရုတ်ရဲစခန်းတစ်ခုရှေ့၌ မိမိကိုယ်ကို မီးရှို့ခဲ့ကြောင်း တိဘက်သတင်းရင်းမြစ်က RFA တိဘက်သတင်းဌာနသို့ ပြောကြားခဲ့သည်။

“မိမိကိုယ်ကို မီးရှို့တဲ့ တိဘက်လူမျိုးက ပညာတတ်တစ်ယောက်ပါ။ သူ့ကို တရုတ်ရဲတွေက ချက်ချင်း ခေါ်ဆောင်သွားပြီး ကိုယ့်ကိုယ်ကို မီးရှို့မှုနဲ့ ပတ်သက်ပြီး ဘယ်သူကမှ တွေ့ဆုံ မေးမြန်းခွင့် မရှိပါဘူး” ဟု လုံခြုံရေးအခြေအနေကြောင့် အမည်မဖော်လိုသူ သတင်းရင်းမြစ်က ပြောကြားခဲ့သည်။

"ကျဲဂုခရိုင်မှာ တရုတ်အာဏာပိုင်တွေက အခြေနေပုံမှန် ဖြစ်ကြောင်း ဖော်ပြဖို့အတွက် ကန့်သတ်ချက်တွေ မချမှတ်သေးပါဘူး" ဟု သတင်းရင်းမြစ်က ဆက်လက်ပြောသည်။

အိန္ဒိယနိုင်ငံ ဒါရမ်ဆာလာရှိ အဝေးရောက် တိဘက်အစိုးရက ဗဟိုတိဘက်အုပ်ချုပ်ရေးအဖွဲ့၏ အစီရင် ခံစာတစ်ခုတွင် အခင်းဖြစ်ပွားသည့်အချိန်နှင့်နေရာကို အတည်ပြုခဲ့သော်လည်း မိမိကိုယ်ကို မီးရှို့သူ၏ အမည်နှင့် နောက်ခံအသေးစိတ်အချက်အလက်များကို ထုတ်မပေးနိုင်ကြောင်း ဖော်ပြထားသည်။

မတ်လ ၃၀ရက် အဖြစ်အပျက်ကြောင့် တိဘက်လူမျိုး ၁၅၉ ဦးသည် တိဘက်ဒေသများတွင် တရုတ်အုပ်ချုပ်မှုကို ဆန့်ကျင်ဆန္ဒပြသည့်အနေဖြင့်၂၀ဝ၉ ခုနှစ်ကတည်းက ကိုယ့်ကိုယ်ကိုယ် မီးရှို့သတ်သေခဲ့ကြောင်း အတည်ပြုခဲ့ပြီး အခြား ၈ ဦးသည် အဝေးရောက်တိဘက်လူမျိုးအများစုနေထိုင်သည့် နီပေါနှင့် အိန္ဒိယတို့တွင် ကိုယ့်ကိုယ်ကိုယ် မီးရှို့သတ်သေခဲ့သည်။

တိဘက်ဒေသ၊ မြို့တော်လာဆာရှိ အထင်ကရ ပိုတာလာနန်းတော်ရှေ့တွင် ကြွေးကြော်သံများ ကြွေးကြော်ကာ အသက် ၂၅ နှစ်အရွယ် ခေတ်ပြိုင်အဆိုတော် ဆီဝမ်နော်ဘူးသည် ဖေဖော်ဝါရီ ၂၅ ရက်က ကိုယ့်ကိုယ်ကိုယ် မီးရှို့ ခဲ့သည်။

ဆာရင်း၏ ကိုယ့်ကိုယ်ကိုယ် မီးရှို့သတ်သေမှုသည် ၂၀၁၂ခုနှစ်နောက်ပိုင်း အသက် ၂၂နှစ်မှ ၆၂နှစ်ကြား အမျိုး သား ၆ ယောက် မီးရှို့ခဲ့ပြီးနောက်ပိုင်း ယူစူးတွင် ပထမဆုံးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly