တရုတ် BRI စီမံကိန်းများ နီပေါတွင် အရှိန်အဟုန် နှေးနေ

တရုတ် BRI စီမံကိန်းများ နီပေါတွင် အရှိန်အဟုန် နှေးနေ

နီပေါသည် တရုတ်၏ ကြီးမားသော ခါးပတ်လမ်းသစ်စီမံကိန်း(BRI) တွင် အဓိကမဏ္ဍိုင်အဖြစ် အသိအမှတ်ပြု ခံရသော်လည်း စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ငွေကြေးရရှိမှုနှင့် သက်ဆိုင်သည့် အကျိုးကျေးဇူးများ၊ စိန်ခေါ်မှုများနှင့် ပတ်သက်၍ ရှင်းလင်းပြတ်သားမှု မရှိခြင်းကြောင့် နှေးကွေးနေသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ မတ်လ ၂၅ ရက်မှ ၂၇ ရက် နီပေါခရီးစဉ်အတွင်း နှစ်နိုင်ငံ သဘော တူညီချက် ၉ ခုကို လက်မှတ် ရေးထိုးခဲ့သော်လည်း BRI နှင့် ပတ်သက်ခြင်းမရှိပေ။

အခြေအနေအချို့ ရှုပ်ထွေးမှုများနှင့် နီပေါက စေ့စပ်ညှိနှိုင်းရန် တောင်းဆိုမှုများကြောင့် BRI အစီအစဉ်များကို ဝမ်၏ ခရီးစဉ်အတွင်း မဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း Economic Times (ET) မှ သိရှိရသည်။

BRI မှ တစ်ဆင့် တရုတ်၏ မဟာဗျူဟာဒီဇိုင်းများနှင့် ကြွေးမြီထောင်ချောက်ဖန်တီးနိုင်မှုများကြောင့် နီပေါမူဝါဒချမှတ်သူများကြားတွင် စိုးရိမ်ပူပန်မှုများ ရှိနေသည်။

"ချေးငွေကို ယခုအချိန်တွင် နီပေါက သဘောမတူနိုင်သေးကြောင်း၊ တရုတ်ထံမှ ထောက်ပံ့ကြေး အကူအညီဖြင့် ဖော်ဆောင်မည့် နောက်ထပ်စီမံကိန်းများကို မျှော်လင့်နေသည်" ဟု နီပေါဝန်ကြီးချုပ် ဒူဘာက ဝမ်အား ထောက်ပံ့ကြေးများကို ပိုမိုမှတ်ချက်ပြု တောင်းဆိုခဲ့သည်။

ဝမ်ခရီးစဉ်အတွင်း စေ့စပ်ညှိနှိုင်းမှုများအတွင်း နီပေါဘက်မှ ချေးငွေလျှောက်ထားရပါက “အတိုးနည်းသော သို့မဟုတ် ညှိနှိုင်းဆောင်ရွက်သောချေးငွေမျိုး” ဖြစ်သင့်သည်ဟု တိုက်တွန်းခဲ့သည်။

“BRI လက်အောက်ရှိ စီမံကိန်းများအတွက် အတိုးနည်းချေးငွေများမှာ အတိုးနှုန်းမှာ ၂ ရာခိုင်နှုန်းထက် မပိုစေ သင့်ကြောင်း၊ အလားတူ ပြန်ဆပ်ရမည့်အချိန်သည် နိုင်ငံတကာစံနှုန်းအတိုင်း သို့မဟုတ် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေး ဘဏ်နှင့် အခြားဘဏ်များက ချမှတ်ထားသည့် အတိုးနှုန်းအတိုင်းဖြစ်သင့်သည်” ဟု နီပေါဘဏ္ဍာရေးဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

နီပေါသည် BRI စီမံကိန်းများတွင် အပြိုင်အဆိုင် လေလံဆွဲသင့်ပြီး ယင်းတို့သည် တရုတ်ကုမ္ပဏီများသာမကဘဲ အားလုံးအတွက် ဖြစ်သင့်သည်ဟုလည်း နီပေါက သတ်မှတ်ခဲ့သည်။

နီပေါသည် BRI မှ ထွက်ခွာလိုကြောင်း လေသံထွက်ပေါ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly