အယ်လ်ရှာရာဝီကို ရိုးမားအသင်း အငှားဖြင့်ခေါ်ယူ

အယ်လ်ရှာရာဝီကို ရိုးမားအသင်း အငှားဖြင့်ခေါ်ယူ

ရောမ၊ ဇန်နဝါရီ ၂၆ ။           ။ ရိုးမားအသင်းသည် အေစီမီလန်အသင်းမှ အီတလီတိုက်စစ်မှူး အယ်လ်ရှာရာဝီကို ရာသီကုန်အထိ အငှားစာချုပ်ဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။

အယ်လ်ရှာရာဝီသည် ပထမရာသီဝက်က ပြင်သစ်ကလပ် မိုနာကိုအသင်းတွင် အငှားသွားရောက် ကစားခဲ့သူဖြစ်သည်။  မိုနာကိုအသင်းတွင် ၂၄ ပွဲကစားခွင့်ရခဲ့ကာ ၃ ဂိုးသာသွင်းနိုင်ခဲ့သူဖြစ်ပြီး လိဂ်ပွဲ ၁၅ ပွဲတွင်မူ တစ်ဂိုးမှသွင်းယူနိုင်ခြင်း မရှိခဲ့ပေ။

ထို့ကြောင့် မိုနာကိုအသင်းက အယ်လ်ရှာရာဝီကို အပြီးသတ်စာချုပ်ချုပ်ဆိုရန် ငြင်းပယ်ခဲ့ပြီး နောက်ဆုံး ရိုးမားသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ရိုးမားသို့ ပြောင်းရွှေ့ခွင့်ရသည့်အတွက် အယ်လ်ရှာရာဝီမှာ စိတ်လှုပ်ရှားလျက်ရှိသည်။ 'ရိုးမားအသင်းကို ပြောင်းရွှေ့ခွင့်ရတာက တကယ့်အခွင့်အရေးကောင်းပါ။ ကျွန်တော် ပျော်ပါတယ်။ အီတလီကို ပြန်လာရတာကလည်း စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ ကစားဖို့ အဆင်သင့်ဖြစ်နေပါပြီ။ အလုပ်ချက်ချင်းလုပ်ပြီး အသင်းကို ကူညီနိုင်ဖို့ မျှော်လင့်ထားပါတယ်' ဟု အယ်လ်ရှာရာဝီက ပြော သည်။

ရိုးမားအသင်းသည် လက်ရှိအချိန်တွင် ရမှတ် ၃၅ မှတ်ရရှိထားပြီး အမှတ်ပေးဇယား အဆင့် ၅ နေရာတွင် ရပ်တည်နေသည်။

ရည်ညွှန်း ဖွတ်ဘောအီတာလီယာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly