ယူကရိန်းစစ်ပွဲအတွက် တရုတ်က ရုရှား၏ ဝါဒဖြန့်မှုကို လက်ခံကာ အမေရိကန်ကို အပြစ်တင်

ယူကရိန်းစစ်ပွဲအတွက် တရုတ်က ရုရှား၏ ဝါဒဖြန့်မှုကို လက်ခံကာ အမေရိကန်ကို အပြစ်တင်

ရုရှား၏ ဝါဒဖြန့်ချိမှုအား တရုတ်က ထပ်ဆင့်ဖော်ပြနေခြင်းက သစ္စာစောင့်သိမှုရှိနေသည်ကို ညွှန်ပြနေသည်။

တရုတ်၏ တွစ်တာကဲ့သို့ လူမှုမီဒီယာဖြစ်သည့် Weiboတွင် ယူကရိန်းအခြေအနေကို တရုတ်နိုင်ငံတစ်ဝန်းရှိ စာသင်ကြားပေးသူများ မှန်မှန်ကန်ကန် နားလည်စေရန် ပြည်နယ်ပညာရေးဗျူရိုတွင် မတက်မနေရ လမ်းညွှန် အစည်းအဝေးများ ကျင်းပနေသည့် ပုံများဖော်ပြခဲ့သည်။

ယင်းဖြစ်စဉ်က ရုရှားကို အပြစ်မတင်ဘဲ အမှားများအားလုံးသည် အမေရိကန်၊ နေတိုးနှင့် ယူကရိန်းတို့နှင့်သာ သက်ဆိုင် ကြောင်း ဖော်ပြနေသည်။

ယင်းအစည်းအဝေးများသည် တက္ကသိုလ်ဆရာများသာမက အထက်တန်းကျောင်းနှင့် အလယ်တန်းပြ ဆရာများအတွက်လည်း မဖြစ်မနေလိုအပ်ကြောင်း တရုတ်တွစ်တာအကောင့်များက မှတ်ချက်ပြုထားသည်။

တရုတ်က ရုရှား၏ ဝါဒဖြန့်မှုနှင့် ရုရှား၏ စစ်ပွဲပုံစံကို လက်ခံယုံကြည်နေသည်။ တရုတ်အစိုးရပိုင် မီဒီယာများက ရုရှားသတင်းဌာနများ၏ သတင်းကို အတည်ပြုချက်ရယူခြင်းမရှိဘဲ ကိုးကား၍ တရုတ်အင်တာနက်ပေါ်တွင် မဟုတ်မမှန်သတင်းများကို ပုံကြီးချဲ့ကူညီပေးခဲ့သည်။

တရုတ်အာဏာပိုင်များသည် အများပြည်သူ ထုတ်ပြန်ချက်များနှင့် ရုရှားနှင့် ယူကရိန်းကြား ဖြစ်ပွားနေသည့် စစ်ပွဲနှင့်ပတ်သက်၍ နိုင်ငံတကာ ထိပ်သီးအစည်းအဝေးများတွင် “ကြားနေသဘောထား” ကို ချမှတ်ထားပုံပေါ်သော်လည်း တရုတ်၏ ရည်ရွယ်ချက်အမှန်ကို ကမ္ဘာက သိနေသည်။

ယူကရိန်းတွင် ရုရှား၏ လုပ်ရပ်ကို တရုတ်က ရှုတ်ချရန်နှင့် ငြိမ်းချမ်းရေးအတွက် စေ့စပ်ညှိနှိုင်းသူအဖြစ် တရုတ်က ပါဝင်ရေးကို ငြင်းဆိုထားသည်။

အခြားဝါဒဖြန့်မှုတစ်ခုတွင် ယူကရိန်း၏ ဇီဝလက်နက်အစီအစဉ်တစ်ခုအတွက် အမေရိကန်က ငွေကြေး ထောက်ပံ့နေနိုင်သည်ဟု တရုတ်က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly