တရုတ်ကလပ် ကျန်းစုဆန်းနင်းသို့ ရာမီးယက်စ်ရောက်ရန်နီးစပ်

တရုတ်ကလပ် ကျန်းစုဆန်းနင်းသို့ ရာမီးယက်စ်ရောက်ရန်နီးစပ်

ဇန်နဝါရီ ၂၆၊ လန်ဒန် ။            ။ ချယ်လ်ဆီးကွင်းလယ်ကစားသမား ရာမီးယက်စ်သည် တရုတ်ကလပ် ကျန်းစုဆန်းနင်းအသင်းသို့ ပြောင်းရွှေ့ရန်နီးစပ်နေပြီဖြစ်သည်။ ၂၀၁၀ တွင် ဘင်ဖီကာမှ ပေါင် ၁၇ သန်းခန့်ဖြင့်ပြောင်းလာသည့် အသက် ၂၈ နှစ်အရွယ်ကစားသမားသည် တရုတ်စူပါလိဂ်ကလပ်သို့ ပြောင်းရွှေ့ ကြေး ပေါင် ၂၅ သန်းခန့်အထိဖြင့် ပြောင်းရွှေ့ဖွယ်ရှိနေသည်။

ရာမီးယက်စ်သည် ၂၀၁၅ အောက်တိုဘာကမှ လေးနှစ်စာချုပ်သစ်ချုပ်ထားသော်လည်း ယခုနှစ်ဘောလုံးရာသီတွင်ရုန်းကန်နေရသည့် ချယ်လ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ် ခုနစ်ပွဲသာကစား ထားရသေးသည်။

ချယ်လ်ဆီးနောက်ခံလူဟောင်း ဒန်ပီထရက်စကူကိုင်တွယ်နေသည့် ကျန်းစုဆန်းနင်းအသင်းသည် ၂၀၁၅ ဘောလုံးရာသီ တရုတ်စူပါလိဂ် တွင် အဆင့် ၉ သာရခဲ့သည်။

၂၀၁၅ တွင်တရုတ်ဖလားရယူခဲ့ခြင်းမှာ အသင်းသမိုင်းတစ်လျှောက် အမြင့်မားဆုံးအောင်မြင်မှုဖြစ်သည်။ ရာမီးယက်စ်သည် ချယ်လ်ဆီးတွင် ကစားစဉ်အတွင်း ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလား၊ လိဂ်ဖလား၊ ချန်ပီယံလိဂ်ဖလားနှင့် ယူရိုပါလိဂ်ဖလားများ ရယူနိုင်ခဲ့သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly