သြစတြေးလျက တရုတ် ကျောင်းသားများအား နေရပ်ပြန်ပို့မှုအပေါ် တရုတ်အစိုးရ ကန့်ကွက်

သြစတြေးလျက တရုတ် ကျောင်းသားများအား နေရပ်ပြန်ပို့မှုအပေါ် တရုတ်အစိုးရ ကန့်ကွက်

တရုတ်တက္ကသိုလ်များတွင် စစ်သင်တန်းမဖြစ်မနေတက်ခဲ့ရကြောင်းကို ပြောကြားခြင်း မရှိသည့် တရုတ်ကျောင်းသားများအား ဩစတြေးလျက နေရပ်ပြန်ခိုင်းသည့်အပေါ် တရုတ်က ကန့်ကွက် ပြောဆိုလိုက်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝေဘင်းက မကြာသေးမီက တရုတ် ကျောင်းသားများသည် ဗီဇာများ ရုတ်သိမ်းခံရပြီး ဆစ်ဒနီမှတစ်ဆင့် ဩစတေးလျသို့ ဝင်ရောက်ချိန်တွင် နေရပ်သို့ ပြန်လည် ပို့ဆောင်ခံခဲ့ရကြောင်း မတ်လ ၂၉ ရက်က ပြောသည်။

တရုတ်တက္ကသိုလ်များမှ စီစဉ်ပေးသော မဖြစ်မနေစစ်ရေးလေ့ကျင့်မှုမှာ အမှန်တကယ် စစ်ရေးလေ့ကျင့်မှုနှင့် တူညီသည်ဟုသြစတြေးလျနယ်စပ်တာဝန်ရှိသူများက ယူဆပြီး အဆိုပါ သမိုင်းကြောင်းကို ထုတ်ဖော်ရန် ပျက်ကွက်ခဲ့သော ကျောင်းသားများကို ပြန်လည် ပို့ဆောင်ခဲ့ကြောင်း ဝမ်က ပြောကြားခဲ့သည်။

တရုတ်တက္ကသိုလ်များမှ ကျောင်းသားများသည် မျိုးချစ်စိတ်နှင့် စုပေါင်းစိတ်ဓာတ်ကို လေ့ကျင့်ပျိုးထောင်ရန် ရည်ရွယ်၍ ပထမနှစ်အစတွင် အချိန်တို စစ်ရေးလေ့ကျင့်မှု မဖြစ်မနေ လုပ်ဆောင်ရသည်။

“ဩစတြေးလျရဲ့ အပြုအမူဟာ လူအချင်းချင်းအပြန်အလှန် ဆက်ဆံမှုနဲ့အကျိုးတူပူးပေါင်းဆောင်ရွက်မှု သဘော သဘာဝကို ဆန့်ကျင်နေတယ်” ဟု ဝမ်က ဆိုသည်။

အစိုးရအဖွဲ့သည် ကိစ္စတစ်ခုချင်းစီကို မှတ်ချက်ပေးခြင်း မပြုသော်လည်း ခရီးသွားတစ်ဦးမှ အချက်အလက်အမှားများပြလျှင် နယ်စပ်၌ ဗီဇာများကို ပယ်ဖျက်နိုင်သည်ဟု သြစတြေးလျ နယ်ခြားစောင့်တပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။

“ကျွန်တော်တို့ဟာ တရားဝင်ဗီဇာကိုင်ဆောင်ထားသူတွေကို သြစတြေးလျနိုင်ငံထဲလွယ်ကူချောမွေ့စွာ ဝင်ခွင့်ပေးဖို့ တာဝန်ရှိပေမယ့် လိုအပ်ရင် သြစတြေးလျနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ဖို့အတွက် အာဏာသုံးဖို့ တွန့်ဆုတ်နေမှာမဟုတ်ပါဘူး” ဟုဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly