နိုင်ငံတွင် ရေရှားပါးမှု ဖြစ်ပေါ်ခြင်းက စီမံခန့်ခွဲမှု မှားယွင်းမှုကြောင့်ဟု ပါကစ္စတန်ရေအရင်းအမြစ်ဝန်ကြီး ပြစ်တင်

နိုင်ငံတွင် ရေရှားပါးမှု ဖြစ်ပေါ်ခြင်းက စီမံခန့်ခွဲမှု မှားယွင်းမှုကြောင့်ဟု ပါကစ္စတန်ရေအရင်းအမြစ်ဝန်ကြီး ပြစ်တင်

ပါကစ္စတန်နိုင်ငံတွင် ရေရှားပါးပြတ်လပ်မှု အကျပ်အတည်း ဖြစ်ပေါ်မှုက ရေနှင့်ပတ်သက်ပြီး စီမံခန့်ခွဲမှုမှားယွင်းမှုကြောင့် ဖြစ်သည်ဟု နိုင်ငံ၏ ရေအရင်းအမြစ်ဆိုင်ရာ ဖက်ဒရယ်ဝန်ကြီး မူးစ်နစ် အီလာဟီက ပြစ်တင် ပြောဆိုသွားခဲ့သည်။

ပါကစ္စတန်၏ ရေအရင်းအမြစ်များ အလျင်အမြန် ကျဆင်းနေခြင်းက ရာသီဉတု ပြောင်းလဲမှု၊ လူဦးရေ တိုးပွားလာမှုနှင့် ရေ စီမံခန့်ခွဲမှု မှားယွင်းမှုတို့ကြောင့် ဖြစ်ကြောင်း အီလာဟီက တွစ်တာတွင် ရေးခဲ့သည်ဟု ပါကစ္စတန် အူရဒူ နေ့စဉ်သတင်းစာ Nawaiwaqt က ဖော်ပြသည်။

ယင်းက ရှေ့အနာဂတ်တွင် ပိုမို ကြီးလေးသည့် ရေရှားပါးမှုများဆီ ဦးတည်စေနိုင်ကြောင်း ၎င်းက ပြောခဲ့သည်။

နိုင်ငံတွင် ကာလာဘာ့ဂ် ဆည်နှင့် ပတ်သက်၍ ဆန့်ကျင်နေသူများအနေဖြင့် ဤအန္တရာယ်အကြောင်း သတိမူမိသလားဟု ၎င်းက မေးခွန်းထုတ်ခဲ့သည်။

ရေဖူလုံမှုက လူသား အသက်ဘဝအတွက် အာမခံချက်တစ်ခု ဖြစ်သည်ဟု ၎င်းက ဖြည့်စွက် ပြောခဲ့သည်။

ကာလာဘာ့ဂ် ဆည် ဆိုသည်မှာ ပါကစ္စတန် ပန်ဂျပ်ပြည်နယ် မီအန်ဝါလီခရိုင် ကာလာဘာ့ဂ်မြို့ အိန္ဒုမြစ်တွင် တည်ဆောက်ရန် အဆိုပြုထားသော ရေအားလျှပ်စစ် ဆည်တစ်ခု ဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ နှစ်ပေါင်း ၄၀ ကျော်ကြာ မျိုးနွယ်စုနှင့် ဒေသဆိုင်ရာ အုပ်စုအဖွဲ့အစည်းများအကြား အပြင်းအထန် ဆွေးနွေးငြင်းခုန် ထားခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly