တရုတ်ကွန်မြူနစ်ပါတီက နိုင်ငံလူဦးရေလျော့ကျမှုကို ဖြေရှင်းရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းနေ

တရုတ်ကွန်မြူနစ်ပါတီက နိုင်ငံလူဦးရေလျော့ကျမှုကို ဖြေရှင်းရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းနေ

တရုတ်မက်ဒရင်းအသံထွက် ("အော့") သည် အချစ် ("အိုက်") ဟူသော စကားလုံးနှင့် ယေဘုယျအားဖြင့် တူ သောကြောင့် ၂ ဂဏန်းများစွာ ပါဝင်သော ရက်စွဲအဖြစ် ဖေဖော်ဝါရီ ၂၂ ရက်၊ ၂၀၂၂ခုနှစ်ကို "အချစ်နေ့" ဟု သတ်မှတ်ခဲ့ကြကာ မရေမတွက်နိုင်သော တရုတ်စုံတွဲများသည် ယင်းနေ့တွင် လက်ထပ်မှတ်ပုံတင်ခဲ့ကြသည်။ .

ယင်းကံကောင်းသောနေ့တွင် လက်ထပ်မှုများ မကြာသေးမီက တိုးခဲ့သော်လည်း တရုတ်တွင် အိမ်ထောင်ပြု နှုန်းသည် လျင်မြန်စွာ ကျဆင်းလာကာ နိုင်ငံ၏ လူဦးရေလျော့ကျနေမှုကို စိန်ခေါ်မှုဖြစ်စေသည်။

လူမှုရေးနှင့် စီးပွားရေး အလုံးစုံ မတည်ငြိမ်မှုများကို စိုးရိမ်သဖြင့် ကွန်မြူနစ်ပါတီက ကလေးမွေးဖွားနှုန်း တိုးမြှင့်ရန် အစ ပျိုးလုပ်ဆောင်ချက်အများအပြားကို အကြံပြုထားပြီး အထူးသဖြင့် အမျိုးသမီးများ၏ အခွင့်အရေးများကို အာရုံ စိုက်သည့် လုပ်ငန်းများကို ပိုမိုအကောင်ထည်ဖော်ခဲ့သော်လည်း ပြည်သူများ လက်ထပ်ရန် လုံလောက်အောင် မဆွဲဆောင်နိုင်ပေ။

အထင်ရှားဆုံးအခက်အခဲမှာ လူငယ်တော်တော်များများသည် အိမ်ထောင်မပြုချင်ကြပေ။ ကျန်းစုပြည်နယ် တွင် လက်ထပ်မှုနှုန်းသည် တစ်နှစ်လျှင် ၅ ရာခိုင်နှုန်းဖြင့် ၅ နှစ်ဆက်တိုက် ကျဆင်းခဲ့ကြောင်း ပြည်နယ် စာရင်းဇယားများက ဖော်ပြနေသည်။

ဖြေဆိုသူအားလုံး၏ ထက်ဝက်နီးပါးက ကလေးမွေးခြင်းနှင့် အိမ်ထောင်ပြုခြင်းအတွက် ကြီးမားလှသော စရိတ်စကကြီးမြင့်မှုကို အကြောင်းပြကြသည်။

Gen Z အမျိုးသမီးများသည် အိမ်ထောင်ရေးအပေါ် စိတ်ဝင်စားမှု နည်းပါးသည့်အပြင် စီးပွားရေးဆိုင်ရာ ရိုက်ခတ်မှုများ ရှိကြောင်း တွေ့ရှိရသည်ဟု South China Morning Post မှ ဟော်ဟွေးဖန်က အလေးထား ဖော်ပြခဲ့သည်။

ကလေး ၃ ယောက်မွေးဖွားနိုင်သည့် မိသားစုစီမံခန့်ခွဲမှုစည်းမျဉ်းများ ပြောင်းလဲခြင်း အပါအဝင် အရွယ် ရောက်ပြီး လူငယ်များကို မိသားစုဘဝ စတင်တည်ထောင်ရန် အစိုးရ၏ တွန်းအားပေးမှုကို ကြီးမားသော ကန့်ကွက်မှုများ ရှိနေသည်။

ယင်းဆောင်ရွက်မှုများ ထိရောက်မှု ရှိစေရန် ငယ်ရွယ်သော အမျိုးသမီးများအား ကလေးမမွေး ခြင်း ထက် မိဘများအဖြစ် ၎င်းတို့၏ အခွင့်အရေးနှင့် လူနေမှု အဆင့်အတန်းကို ပိုမိုတိုးတက်ဟု သိမြင်လာစေရေး ပြုလုပ်ရန် လိုအပ်ကြောင်း ကျော်ကြားသော စာရေးဆရာနှင့် လွတ်လပ်သော ဝေဖန်ရေးသမား ဆန်းကျားခီက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly