တရုတ်ကွန်မြူနစ်ပါတီက ဖေဖော်ဝါရီလအတွင်း အကျင့်ပျက်ခြစားမှု အမှုပေါင်း ၅,၈၀ဝ ကို စုံစမ်းစစ်ဆေး

By ANI/Xinhua
01 April 2022
တရုတ်ကွန်မြူနစ်ပါတီက ဖေဖော်ဝါရီလအတွင်း အကျင့်ပျက်ခြစားမှု အမှုပေါင်း ၅,၈၀ဝ ကို စုံစမ်းစစ်ဆေး

တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ ကျင့်ဝတ်စည်းကမ်းကို ချိုးဖောက်သည့် အမှုပေါင်း ၅,၈၀ဝ ကျော်ကို ဖေဖော်ဝါရီလတွင် စုံစမ်းစစ်ဆေးခဲ့ကြောင်း တရုတ်ထိပ်တန်း အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဌာနက မတ် ၂၇ရက်တွင် ပြောကြားခဲ့သည်။

စည်းကမ်းထိန်းချုပ်ရေးဆိုင်ရာ တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ ဗဟိုကော်မရှင်နှင့် အမျိုးသားကြီးကြပ်ရေး ကော်မရှင်၏ လစဉ် အစီရင်ခံစာ အရ ဖေဖော်ဝါရီလတွင် စုစုပေါင်း လူ ၉,၁၀ဝ အား ဖော်ထုတ်ဆုံးမခြင်း၊ ပညာပေးခြင်း သို့မဟုတ် ပြစ်ဒဏ်ပေးခြင်းများ ပြုလုပ်ခဲ့သည်။

အမှုအခင်းများ၏ ထက်ဝက်ခန့်သည် ဗျူရိုကရေစီစနစ်နှင့် တရားဝင်မှုအကျိုးအတွက် ကျင့်ထုံးလုပ်နည်းများနှင့် သက်ဆိုင်ပြီး ကျန်တစ်ဝက်မှာ အပျော်ကျူးခြင်းနှင့် အသုံးအစွဲကြီးခြင်းတို့နှင့် သက်ဆိုင်နေသည်။

"ပါတီ၏ အကျင့်စာရိတ္တကို မြှင့်တင်ရန် တာဝန်မှာ အဆုံးမရှိပါ" ဟု ၂၀၂၁ ခုနှစ် ဒီဇင်ဘာလနှောင်းပိုင်းတွင် ကျင်းပသည့် CPC ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရို၏ ဝေဖန်မှုနှင့် မိမိကိုယ်ကို ဝေဖန်မှုဆိုင်ရာ အစည်းအဝေးတွင် အလေးပေးပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly