“တောင်တန်းမြေပြန့် အတူချီတက် ဖက်ဆစ်ဝါဒ အမြစ်ဖြတ်” ရွာပေါင်းစုံ သပိတ် စစ်ကြောင်း

“တောင်တန်းမြေပြန့် အတူချီတက် ဖက်ဆစ်ဝါဒ အမြစ်ဖြတ်” ရွာပေါင်းစုံ သပိတ် စစ်ကြောင်း

မတ်လ ၃၁ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်း နှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ရွာများ စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၃၈၆ ရက်မြောက် အဖြစ် ယနေ့ မတ်လ ၃၁ ရက် နေ့တွင် ချီတက် ဆန္ဒပြကြသည်။

“တောင်တန်းမြေပြန့် အတူချီတက် ဖက်ဆစ်ဝါဒ အမြစ်ဖြတ်” စာတမ်းကို ကိုင်ဆွဲပြီး နယ်မြေ မငြိမ်မသက် မှုများ ကြားမှ ကြွေးကြော်သံများ ဟစ်ကြွေးချီ တက်ကြသည်။

ဆာလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ် စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက် နေ့မှ စတင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required