ရှမ်းယူနိုက်တက်အသင်း အဓိက ကစားသမားနှစ်ဦး ဒဏ်ရာပြဿနာရှိနေ

ရှမ်းယူနိုက်တက်အသင်း အဓိက ကစားသမားနှစ်ဦး ဒဏ်ရာပြဿနာရှိနေ
ဦးခေါင်းကွဲဒဏ်ရာရနေသော ဘရာဇီးကစားသမား ဂူစတာဗို။ (ဓာတ်ပုံ- ရှမ်းယူနိုက်တက်)

ဇန်နဝါရီ ၂၅၊ ရန်ကုန် ။         ။ ၂၀၁၆ မြန်မာနေရှင်နယ်လိဂ်ချန်ပီယံဖြစ်ရန် ရည်မှန်းချက်ဖြင့်ပြိုင်ပွဲဝင်နေသော ရှမ်းယူနိုက်တက်အသင်းတွင် အဓိက ကစားသမားနှစ်ဦးဖြစ်သည့် နောက်ခံလူ ပက်ထရစ်၊ ကွင်းလယ်ဂူစတာဗိုတို့ ဒဏ်ရာပြဿနာရှိနေပြီး ဇေယျာရွှေမြေနှင့် ကစားရမည့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၄) ကိုလွဲချော်ဖွယ်ရှိနေသည်။

အင်္ဂလန်လူမျိုးနောက်ခံလူ ပက်ထရစ်မှာ အသင်းလေ့ကျင့်ရေးတွင် ဒူးဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး နှစ်ပတ်ခန့်အနားယူရဖွယ်ရှိနေသည်။ ဘရာဇီးလူမျိုးကွင်းလယ်ကစားသမား ဂူစတာဗိုမှာ ရန်ကုန်ယူနိုက်တက်နှင့် ကစားခဲ့သောပွဲတွင် ဦးခေါင်းကွဲဒဏ်ရာရခဲ့ပြီး ငါးချက် ချုပ်ထားရသည်။

အဓိက ကစားသမားနှစ်ဦးမပါနိုင်တာက အသင်းအတွက် ထိခိုက်စေပါတယ်။ ဇေယျာရွှေမြေကို အဝေးကွင်းမှာ ရလဒ် ကောင်းဖို့ကြိုးစားရမှာပါ။ ရန်ကုန်နဲ့ပွဲမှာလည်း ဒီကစားသမားနှစ်ယောက်သာ ဝင်ကစားနိုင်ခဲ့ရင် ကျွန်တော်တို့ အနိုင်ရမှာပါ။” ဟု ရှမ်းယူနိုက်တက်နည်းပြချုပ် ရူသာကပြောသည်။

ရှမ်းယူနိုက်တက်အသင်းသည် ယခုနှစ်ဘောလုံးရာသီအတွက် နိုင်ငံခြားသားကစားသမားများ အဖြစ် အီရန်တိုက်စစ်မှူး ဘီရှက်၊ ဘရာဇီးကွင်းလယ်ကစားသမားများဖြစ်သော ဂူစတာဗို၊ ကာမာရာ၊ အင်္ဂလန်နောက်ခံလူ ပက်ထရစ် တို့ကိုခေါ်ယူစာချုပ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly