တရုတ်၊ ရုရှားနှင့် မြောက်ကိုရီးယားမှ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကို နျူကလီးယားလက်နက်ပြန့်ပွားစေရန် လုပ်ဆောင်မှုများအတွက် အမေရိကန် ပိတ်ဆို့အရေးယူ

တရုတ်၊ ရုရှားနှင့် မြောက်ကိုရီးယားမှ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကို နျူကလီးယားလက်နက်ပြန့်ပွားစေရန် လုပ်ဆောင်မှုများအတွက် အမေရိကန် ပိတ်ဆို့အရေးယူ

အီရန်၊ မြောက်ကိုရီးယားနှင့် ဆီးရီးယား နျူးကလီးယားလက်နက်မပြန့်ပွားရေး အက်ဥပဒေ (INKSNA) အရ ရုရှားနှင့် မြောက်ကိုရီးယား (DPRK) တွင် တည်ရှိသည့် အဖွဲ့အစည်း ၅ ခု၊ လူပုဂ္ဂိုလ်များနှင့် တရုတ်နိုင်ငံမှ အဖွဲ့အစည်း တစ်ခုကို ပိတ်ဆို့အရေးယူရန် အမေရိကန်က မတ်လ ၂၅ရက်တွင် ကြေညာလိုက်သည်။

အီရန်၊ မြောက်ကိုရီးယားနှင့် ဆီးရီးယား နျူးကလီးယားလက်နက်မပြန့်ပွားရေး အက်ဥပဒေသည် ပြည်ပမှ လူတစ်ဦးချင်း၊ ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် နျူးကလီးယားလက်နက်ပြန်ပွားရေး လှုပ်ရှားမှုများတွင် ပါဝင်သည့် အစိုးရများကို ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန် အမေရိကန်အစိုးရကို ခွင့်ပြုထားသည်။

ယင်းလုပ်ဆောင်ချက်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့်၊ အမေရိကန်သည် ရုရှားအဖွဲ့အစည်းများဖြစ်သည့် Ardis Group of Companies LLC (Ardis Group)၊ PFK Profpodshipnik၊ LLC နှင့် ရုရှား လူပုဂ္ဂိုလ် တစ်ဦးချင်း အနေဖြင့် အီဂေါ မစ်ဟူရမ်၊ မြောက်ကိုရီးယားမှ အဖွဲ့အစည်းများဖြစ်သည့် သဘာဝသိပ္ပံနိုင်ငံခြားရေးရာဗျူရို ဒုတိယအကယ်ဒမီ (SANS FAB)၊ မြောက်ကိုရီးယား၏ ဒုံးကျည်အစီအစဉ်ကဲ့သို့ အကဲဆတ်သည့်အရာများကို လွှဲပြောင်းပေးခြင်းအတွက် မြောက်ကိုရီးယားနိုင်ငံသား ရီဆွန်းချိုတို့ကို ပိတ်ဆို့ဒဏ်ခတ်အရေးယူခဲ့သည်။

"ယင်းအစီအမံများသည် မြောက်ကိုရီးယား၏ ဒုံးကျည်အစီအစဉ်အဆင့်မြှင့်တင်ရေးကို ဟန့်တားရန် ကြိုးပမ်း မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး စိုးရိမ်စရာ အစီအစဉ်များအတွက် ရုရှားက ကမ္ဘာ့ဇာတ်ခုံတွင် လက်နက်ပြန့်ပွားရေး အတွက် အပြုသဘောမဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်နေခြင်းကို အလေးပေးဖော်ပြနေသည်" ဟု အမေရိကန်နိုင်ငံခြားရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်အဖွဲ့အစည်းများကို အီရန်၊ မြောက်ကိုရီးယားနှင့် ဆီးရီးယား နျူးကလီးယားလက်နက်မပြန့်ပွားရေး အက် ဥပဒေ (INKSNA) အရ ပိတ်ဆို့အရေးယူမှုများ ဆက်လက်ချမှတ်ခြင်းသည် တရုတ်၏ ပို့ကုန် ထိန်းချုပ်မှု များကို အကောင်အထည်ဖော်ခြင်းနှင့် နျူးကလီးယားလက်နက်မပြန့်ပွားရေး မှတ်တမ်းများတွင် ပြန့်ပွားရေး လုပ်ဆောင်ချက်များနှင့် ဖော်ဆောင်ရေးတွင် ပျက်ကွက်မှုများအတွက် တရုတ်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို အာရုံစိုက်စေရန်ဖြစ်သည်။

ဒဏ်ခတ်ပိတ်ဆို့မှုများသည် ၂ နှစ်ကြာ အကျုံးဝင်မည်ဖြစ်ပြီး အမေရိကန်အစိုးရ၏ ဝယ်ယူမှု၊ အမေရိကန် အစိုးရအကူအညီနှင့် ပို့ကုန်များအပေါ် တားမြစ်ချက်များ ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required