ရခိုင့်တပ်တော် AA ကို လူ ၂၆ ယောက် သေနတ် ၁ လက်တည်းဖြင့် စတင်ခဲ့ရကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင် ပြော

30 March 2022
ရခိုင့်တပ်တော် AA ကို လူ ၂၆ ယောက် သေနတ် ၁ လက်တည်းဖြင့် စတင်ခဲ့ရကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင် ပြော

မတ် ၃၀

ရခိုင့်တပ်တော် AA ကို လူ ၂၆ ယောက် သေနတ် တစ်လက်တည်းဖြင့် စတင်ခဲ့ရပြီး ခက်ခဲစွာ ရုန်းကန်ခဲ့ရကြောင်း ရခိုင့်တပ်တော် (AA ) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကျားရှင်၏ အောက်မေ့ဖွယ် အခမ်းအနားနှင့် ဈာပနတွင် ပြောကြားခဲ့သည်။

" ကျွန်တော့်ဘဝမှာ လုံးဝမေ့လို့ မရတဲ့ အရာက ကျွန်တော်တို့ဟာ ၂၀၀၉ ခုနှစ်မှာ ရခိုင်တော်လှန်ရေးကို လူ ၂၆ ယောက်နဲ့ စခဲ့ကြတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့ လူ ၂၆ ယောက်မှာ သေနတ် တစ်လက်ပဲရှိတယ်။ ဒုက္ခ အမျိုးမျိုးကြားမှာ ရုန်းကန်ရင်း ပထမဆုံး ကိုးကန့် အဖွဲ့အစည်းက ဦးဖုန်ကျားရှင်က လက်နက် အလက် ၁၀၀ ပေးခဲ့ပါတယ်။ ကျွန်တော်တို့က သေနတ်အလက် ၁၀၀ နဲ့ RPG နှစ်လက်ရယ်ကိုင်ပြီး ရခိုင်ပြည်နယ်ကို ထိုးဖောက် ဝင်ရောက်နိုင်ခဲ့ပါတယ်။ ဒီကိစ္စဟာ ကျွန်တော်တို့ ရခိုင် တော်လှန်ရေးအတွက် အင်မတန်မှ အရေးပါတဲ့ ကိစ္စရပ် တစ်ခု ဖြစ်ပါတယ်၊ ဒီနေ့ ဒီအချိန်မှာ ကျွန်တော်တို့ဟာ တပ်ရင်တစ်ရင်းကို လူ၃၀၀လောက်နဲ့ တပ်ရင်း ရာချီဖွဲ့စည်းပြီး မဟာမိတ်တွေနဲ့ လက်တွဲပြီး တိုက်ပွဲဝင်နေပြီ ဖြစ်ပါတယ်" ဟု ရခိုင့်တပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။

ကိုးကန့် MNDAA ကို ၁၉၈၉ ခုနှစ်တွင် ဦးဆောင် တည်ထောင်ခဲ့သည့် ဦးဖုန်ကျားရှင် သည် ဖေဖေါ်ဝါရီလ ၁၆ ရက် အသက် ၉၄ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။

၎င်း၏ အောက်မေ့ဖွယ် အခမ်းအနားနှင့် ဈာပနကို မိုင်းလားမြို့ ငြိမ်းချမ်းရေး ရင်ပြင်၌ မတ်လ ၂၉ ရက်မှ စတင်ကာ ၃၁ ရက်အထိ သုံးရက်ကြာကျင်းပမည်ဟု သိရသည်။

Video - TwanMorn Naing

#Mizzima

#AA

#ဖုန်ကြားရှင်

#မိုင်းလားမြို့

#စစ်ဦးစီးချုပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly