အိန္ဒိယတွင် ကိုဗစ်-၁၉ ဆေးလုံးရေ ၁၈၂ ကုဋေထိုးပေးပြီး

အိန္ဒိယတွင် ကိုဗစ်-၁၉ ဆေးလုံးရေ ၁၈၂ ကုဋေထိုးပေးပြီး

အိန္ဒိယနိုင်ငံအနှံ့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးပြီးသည့် အရေအတွက်သည် မတ် ၂၃ ရက်က အလုံးရေ ၁၈၂ ကုဋေ ကျော်သွားပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် မိသားစု ဖူလုံရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အသက် ၁၂ မှ ၁၄ နှစ်အုပ်စုတွင် ပထမအကြိမ်အဖြစ် ထပ်မံထိုးပေးသူ ၁၆၉၇၁၆၈ ဦးရှိသောကြောင့် ယင်းအုပ်စုတွင် စုစုပေါင်း ၆၉၉၉ ၅၂၈ ဦး ရှိသွားပြီ ဖြစ်သည်။

အသက် ၁၅မှ ၁၈ နှစ်အုပ်စုတွင် ပထမအကြိမ်အဖြစ် ထပ်မံထိုးပေးသူ ၅၆၄၈၈၁၆၉ ဦးရှိသောကြောင့် ယင်းအုပ်စုတွင် စုစုပေါင်း ၄၆၁၃၅၅၅၆၂ ဦး ရှိသွားပြီ ဖြစ်သည်။

ပထမအကြိမ် ထိုးပေးသူ ၁၈၅၂၆၁၂ ဦးနှင့် ဒုတိယအကြိမ်အဖြစ် ၈၆၄ ၃၅၂ ဦးကို ထပ်မံထိုးပေးထားသည်။

ကာကွယ်ဆေးစုစုပေါင်း ၂၈၁၇၆၁၂ ဦးကို ဆေးထပ်မံ ထိုးပေးလိုက်ခြင်းကြောင့် နိုင်ငံတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးသူ စုစုပေါင်း ၁၈၂၁၉၀၈ ၁၆၄ ဦးရှိသွားပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly