CDM ဘဏ်ဝန်ထမ်း မခိုင်ဇာသွယ် ကျဆုံးခြင်း ၁ နှစ်ပြည့် ရွှေတွံတေး ဆရာတော် ကြွရောက်၍ လှူဖွယ်ပစ္စည်များနှင့် အလှူငွေများ စွန့်ကြဲ

CDM ဘဏ်ဝန်ထမ်း မခိုင်ဇာသွယ် ကျဆုံးခြင်း ၁ နှစ်ပြည့် ရွှေတွံတေး ဆရာတော် ကြွရောက်၍ လှူဖွယ်ပစ္စည်များနှင့် အလှူငွေများ စွန့်ကြဲ

မတ် ၂၈

တောင်ဒဂုံမြို့နယ်၌ စစ်အာဏာရှင်ကို ဆန့်ကျင် ဆန္ဒပြစဉ် စစ်တပ်က ပစ်ခတ်မှုကြောင့် ၂၀၂၁ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ဦးခေါင်း ကျည်ထိမှန်ကာ CDM ဘဏ်ဝန်ထမ်း မခိုင်ဇာသွယ် ကျဆုံးခဲ့မှု ယနေ့ မတ်လ၂၈ ရက်တွင် တစ်နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

မိသားစုဝင်များက တစ်နှစ်ပြည့် အလှူပြုလုပ်စဉ် ထိုင်းနိုင်ငံတွင် သီတင်းသုံးနေသည့် ရွှေတွံတေး ဆရာတော် ကြွရောက်လာပြီး လှူဖွယ် ပစ္စည်းများနှင့် အလှူငွေ တချို့ မိသားစုဝင်များထံ ပေးကမ်း စွန့်ကြဲခဲ့ကြောင်း မခိုင်ဇာသွယ် ၏ မိသားစုဝင် တစ်ဦးက ပြောသည်။

“ ဘုန်းဘုန်းက မုန့်တွေနဲ့ အလှူငွေတွေ လှူသွားတယ်။ အမေက အဲဒီအလှူငွေကို သီလရှင်ကျောင်းမှာ အဝီစိတွင်း တူးတဲ့ အထဲ ပြန်လှူလိုက်တယ်” ဟု မခိုင်ဇာသွယ်၏ မိသားစုဝင်က ပြောသည်။

၂၀၂၁ ခုနှစ် မတ်လ ၂၈ ရက်တွင် မြန်မာနိုင်ငံ တစ်ဝန်း စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှု ပြုခဲ့စဉ် စစ်ကောင်စီတပ်က ကျည်အစစ်များဖြင့် ပစ်ခတ်ခဲ့၍ မခိုင်ဇာသွယ် အပါအဝင် ဆန္ဒပြသူ ၁၀၀ ကျော် ကျဆုံးခဲ့ရသည်။

#Mizzima

#CDM

#တောင်ဒဂုံမြို့နယ်

#ရွှေတွံတေး ဆရာတော်

#ကျဆုံး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly