ကုလသမဂ္ဂသို့ တင်သွင်းလာသည့် ရုရှား၏ အဆိုကို အိန္ဒိယက ဆက်လက်၍ ကြားနေ ရပ်တည်

ကုလသမဂ္ဂသို့ တင်သွင်းလာသည့် ရုရှား၏ အဆိုကို အိန္ဒိယက ဆက်လက်၍ ကြားနေ ရပ်တည်

ယူကရိန်းတွင် ဖြစ်ပွားနေသည့် လူသားတို့ကြုံတွေ့နေရသော အခက်အခဲပြဿနာနှင့် ပတ်သက်၍ ရုရှားတို့ တင်သွင်းလာသည့် အဆိုပြုချက်ကို အိန္ဒိယက ခေါင်းရှောင်ကာ ရုရှား-ယူကရိန်း အခြေအနေနှင့် ပတ်သက်၍ ဆက်လက်၍ ကြားနေရပ်တည်လိုက်သည်။

ယင်းအဆိုကို ရုရှားနှင့် တရုတ် ၂ နို်ငငံကသာ ထောက်ခံသောကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီက အတည်မပြုနိုင်ခဲ့ပေ။ အိန္ဒိယနှင့် အခြား ကောင်စီအဖွဲ့ဝင်နိုင်ငံများက မဲမပေးခဲ့ကြပေ။

ရုရှား၏ အဆိုတွင် “လူသားချင်းစာနာထောက်ပံ့အကူအညီးပေးသူများအပါအဝင် အရပ်သားများ၊ အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် ထိခိုက်လွယ်သူများအား အပြည့်အဝ ကာကွယ်ထားကြောင်း၊ အရပ်သားများ၏ ဘေးကင်းလုံခြုံရေးနှင့် လွယ်ကူလျင်မြန်စွာ အနှောက်အယှက်မရှိဘဲ နေရာရွှေ့ပြောင်းပေးရေးအတွက် အပစ်အခတ်ရပ်စဲရေးကို တောင်းဆိုထားကြောင်းနှင့်လူသားချင်း စာနာထောက်ထားမှုအကူအညီများပေးရန် သက်ဆိုင်ရာအုပ်စုများက ဆောင်ရွက်ပေးရန်” စသည်တို့ကို ဖော်ပြထားသည်။

အိန္ဒိယအနေဖြင့် ရုရှားက ယူကရိန်းကို ဝင်ရောက်ကျူးကျော်မှုနှင့် ပတ်သက်၍ လုံခြုံရေးကောင်စီတွင် ၂ကြိမ်၊ လုံခြုံရေးကောင်စီတွင် တစ်ကြိမ် ကြားနေမဲ ပေးခဲ့သည်။

အမေရိကန်က ရုရှား၏ အဆိုပြုချက်သည် မိုက်ရူးရဲဆန်ပြီး ၎င်းတို့ကိုယ်တိုင် ဖန်တီးထားသည့် ပြဿနာကို နို်ငငံတကာအသိုင်းအဝိုင်းကို ဝိုင်းဝန်းဖြေရှင်းခိုင်းခြင်းသည် လက်ခံနိုင်စရာမရှိကြောင်း ပြောကြားလိုက်သည်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါသောမတ်စ်ဂရင်းဖီးလ်က “အမေရိကန်အနေနဲ့ဒီ အဆိုကို သဘောမတူပါဘူး။ ရှင်းရှင်းပြောရရင် ရုရှားက လူတွေ ဆိုးရွားစွာ ခံစားနေရတဲ့ အခြေအနေကို ဂရုမစိုက်ဘူး။ စစ်ကြောင့် လူသန်းပေါင်းများစွာရဲ့ ဘဝတွေ အိပ်မက်တွေကို ဖျက်ဆီးပစ်တယ်။ သူတို့ ဂရုစိုက်မယ်ဆိုရင် တိုက်ခိုက်တာတွေကို ရပ်သင့်တယ်။ ရုရှားက ကျူးကျော်၊ တိုက်ခိုက်တဲ့ နိုင်ငံပါ။ သူတို့ယူရမယ့် တာဝန်ကို သူတို့မယူတဲ့ အဆိုပြုချက်ကို အတည်ပြုချင်တာပါ” ဟု ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly