သပိတ်မှောက်ခံရမှု ၄ လ ကျော်သည့်တိုင် မြန်မာပလာဇာသို့ လာရောက်လည်ပတ်သူ ရှားပါး

သပိတ်မှောက်ခံရမှု ၄ လ ကျော်သည့်တိုင် မြန်မာပလာဇာသို့ လာရောက်လည်ပတ်သူ ရှားပါး

မတ်လ ၂၇ ရက်

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ မြန်မာပလာဇာကို လူထုက ဒဏ်ခတ် သပိတ် မှောက်ထားရာ ယခု လေးလ ကြာမြင့်သည့်တိုင် လာရောက် လည်ပတ်သူ မရှိသလောက် နည်းပါး နေသည်ကို တွေ့ရသည်။

ယခင်က အများပြည်သူ ရုံးပိတ်ရက်များတွင် လာရောက် လည်ပတ်သူ၊ စျေးဝယ်သူများနှင့် စည်ကားခဲ့သော မြန်မာပလာဇာသည် ယနေ့ အချိန်တွင် လာရောက် လည်ပတ်မှုများ မရှိသလောက် ဖြစ်နေပြီး ခြောက်ကပ်လျက်ရှိသည်။

“ ဒါကိုကြည့်ရင် ပြည်သူက စစ်ကောင်စီ အပေါ် ဘယ်လောက် နာကြည်းနေလဲ ဆိုတာ မြင်သာတယ်။ လူထုကို ထိတာနဲ့ လူထုက ပြန်ပေးတဲ့ ပြစ်ဒဏ်ပေါ့ဗျာ။ ဒီနေ့ မြင်တွေ့ နေရတာကို ကြည့်လေ။ မြန်မာပလာဇာ ထဲတင် မဟုတ်ဘူး။ အနီးပတ်ဝန်းကျင် မှာတောင် ခြောက်ကပ်နေတာ တွေ့ရမယ် ”ဟု မြို့တွင်း တက္ကစီ ယာဉ်မောင်း တစ်ဦးက ဆိုသည်။

ပြီးခဲ့သည့်  ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၅ ရက်နေ့တွင် မြန်မာပလာဇာအတွင်း၌ စစ်ကောင်စီကို အလို မရှိကြောင်း လူငယ်များက ဆန္ဒ ထုတ်ဖော်ခဲ့ရာ ယင်းပလာဇာရှိ လုံခြုံရေး ဝန်ထမ်းများက လူငယ် နှစ်ဦးကို ဝိုင်းဝန်း ထိုးကြိတ် ဖမ်းဆီးခဲ့ကြသည်။

ယင်းဖြစ်စဉ် အတွက် ပြည်သူလူထုက စစ်ကောင်စီ အလိုကျ ဖမ်းဆီးခြင်း အပေါ်  ပြည်သူလူထုက လူမှုပြစ်ဒဏ် ခတ်မှု ပြုလုပ် ခဲ့ကြခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required