Weibo အသုံးပြုသူများက ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ပြန်စဉ်းစားရန် တရုတ်တာဝန်ရှိသူများကို တောင်းဆို

Weibo အသုံးပြုသူများက ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ပြန်စဉ်းစားရန် တရုတ်တာဝန်ရှိသူများကို တောင်းဆို

ဆင်ဟွာသတင်းဌာန၏တရားဝင် Weibo အကောင့်က ကိုဗစ်လုံးဝကင်းစင်ရေးမဟာဗျူဟာ၏ အရေးပါမှုကို ပို့စ်တင်ခဲ့ပြီး ၎င်းသည် စီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထိရောက်ဆုံးနှင့် အကျိုးအသက်ရောက်ဆုံးအဖြစ် အမွှမ်းတင်ခဲ့သောကြောင့် တရုတ် လူမှု မီဒီယာပလက်ဖောင်းဖြစ်သော Weibo သုံးစွဲသူများက အဆိုပါမူဝါဒအား ပြန်လည်စဉ်းစားရန် မတ်လ ၂၅ ရက်က တာဝန်ရှိသူများကို တောင်းဆိုခဲ့ကြသည်။

ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒသည် တရုတ်နိုင်ငံ၏ အမျိုးသားရေးအခြေအနေများအပေါ် အခြေခံလျက် လက်တွေ့ကျပြီး ဖြစ်နိုင်ခြေရှိသော မဟာဗျူဟာဖြစ်ကြောင်း ဆင်ဟွာပိုစ့်တွင် ဖော်ပြထားသည်။

အင်တာနက်အသုံးပြုသူများက ပြည်သူများအားဒုက္ခဖြစ်စေသော ၂ နှစ်သား မဟာဗျူဟာကို ပြန်စဉ်းစားရန် တောင်းဆိုသော မှတ်ချက်များကို ၎င်းပို့စ်အောက်တွင် ရေးသားခဲ့ကြသည်။ ဆင်ဟွာက ၎င်းပို့စ်ကို နောက်ပိုင်းတွင်ဖျက်ပစ်လိုက်သည်။

ကပ်ရောဂါထိန်းချုပ်ရေးအစီအမံများကြောင့် ဟင်းသီးဟင်းရွက်ဈေးနှုန်းများ အလွန်အကျွံတက်လာခြင်းကို ပြသောပို့စ်များလည်း Weibo ပေါ်တွင် တင်ခဲ့ကြသည်။ ပို့စ်အများစုမှာ ရှန်ဟိုင်းနှင့် ရှန်ကျန်းတို့မှ ဖြစ်သည်။

တရုတ်ပြည်မကြီးတွင် ပြီးခဲ့သော ၂၄ နာရီအတွင်း၌ကိုဗစ်-၁၉ ပြည်တွင်းကူးစက်ခံရသူပေါင်း ၁၂၈၀ဦးရှိကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်က ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံရှိ ပြည်နယ်နှင့် မြို့ကြီး ၂၀ ကျော်တွင် ခရီးသွားလာခွင့် တားမြစ်မှုများနှင့် အသွားအလာပိတ်ဆို့မှုများပြုလုပ်ထားသောကြောင့် နိုင်ငံတွင်းကိုဗစ်-၁၉ ကူးစက်ရောဂါ အခြေအနေမှာ ဆက်လက် အရှိန်မြှင့်လျက်ရှိသည်။

ကျီလင်း၊ ဟဲပေ၊ ကွမ်တုန်းနှင့်ရှန်ဟိုင်း အပါအဝင် ပြည်နယ်နှင့် မြို့ကြီး ၂၀ ကျော်တွင် အခြေအနေများ ဆိုးရွားလာသည်။

အိမ်မွေးတိရိစ္ဆာန်များသတ်ဖြတ်ခြင်းအထိဖြစ်လာသော တရုတ်၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို တရုတ်နိုင်ငံသားများက ကျယ်ကျယ်လောင်လောင်ဝေဖန်ခဲ့ကြပြီး ပုဂ္ဂလိကဆိုင်ရာချိုးဖောက်မှု၊ ပိုင်ဆိုင်မှုလုံခြုံရေးနှင့် တိရစ္ဆာန်များအပေါ် ရက်စက်ကြမ်းကြုတ်မှုတို့နှင့် စပ်လျဉ်း၍ အစိုးရကို မေးခွန်းများစတင်ထုတ်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly