တရုတ်အစိုးရကသြဇာလွှမ်းမိုးမှုတိုးမြှင့်ရန် နည်းပညာကုမ္ပဏီများတွင် အစုရှယ်ယာများဝယ်ယူနေ

တရုတ်အစိုးရကသြဇာလွှမ်းမိုးမှုတိုးမြှင့်ရန် နည်းပညာကုမ္ပဏီများတွင် အစုရှယ်ယာများဝယ်ယူနေ

တရုတ်သည်ပုဂ္ဂလိကကုမ္ပဏီများတွင်နိုင်ငံတော်ပိုင်ဆိုင်မှုကိုတိုးမြှင့်ရန်နှင့်ပါတီ၏သြဇာလွှမ်းမိုးမှုကိုအားကောင်းစေရန်တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ ပိုမိုကျယ်ပြန့်သော မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် နိုင်ငံတော်ကကျောထောက်နောက်ခံပြုထားသောကုမ္ပဏီများနှင့်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များသည်နည်းပညာကုမ္ပဏီများ၏ဘုတ်အဖွဲ့တွင်အစုရှယ်ယာများနှင့် ကိုယ်စားပြုမှုများကိုရယူနေကြသည်။

တရုတ်နိုင်ငံ၏ Cyberspace Administration ကဲ့သို့သောနိုင်ငံပိုင်ကုမ္ပဏီများနှင့် စည်းကမ်း ကြပ်မတ်ရေးအဖွဲ့များသည် အထူးသဖြင့် အချက်အလက်အများအပြားကို ထိန်းချုပ်ကာ အရေးကြီးသော သတင်းအချက်အလက်ဆိုင်ရာ အခြေခံအဆောက်အအုံများကို ကိုင်တွယ်ဆောင်ရွက်နေသည့် အင်တာနက်/နည်းပညာကုမ္ပဏီများတွင် တန်ဖိုးကြီး အစုရှယ်ယာ (Golden Share) များကို ဝယ်ယူထားကြသည်။

အဆိုပါ Golden Share များသည် ကုမ္ပဏီ၏ ပဋိညာဉ်ဆိုင်ရာအပြောင်းအလဲများအပေါ် ဗီတိုအာဏာသုံးခြင်းကဲ့သို့ အစုရှယ်ယာရှင်အား အထူးအခွင့်အာဏာပေးသည့်ရှယ်ယာ အမျိုးအစားများ ဖြစ်ပြီး အခြားရှယ်ယာရှင်များအား ကုမ္ပဏီ၏ပုံမှန်အစုရှယ်ယာ အချိုးအစားထက်ပို၍ ထည့်ဝင်ခြင်းကို တားမြစ်နိုင်စွမ်းရှိသည်။

CCP သည်အထူးသဖြင့်ဒစ်ဂျစ်တယ်ကုန်စည်ပို့ဆောင်ရေးကုမ္ပဏီ 'Full Truck Alliance'၊လူမှုမီဒီယာကုမ္ပဏီ 'ByteDance' နှင့်အွန်လိုင်းအော်ဒီယိုပလက်ဖောင်း 'Ximalaya' ကဲ့သို့သော အမေရိကန်တွင် မှတ်ပုံတင်ထားသည့် တရုတ်ပုဂ္ဂလိက ကုမ္ပဏီများအပေါ် အထူးအာရုံစိုက်နေသည်။

လုပ်ငန်းလည်ပတ်မှုများကို တိတ်တဆိတ် စောင့်ကြည့်ရန်နှင့်ကုမ္ပဏီများ၏ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်များကိုလွှမ်းမိုးရန် Golden Share များကို တရုတ်က ၂၀၁၆ခုနှစ်တွင် စတင်အသုံးပြုခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီက Golden Share များ အသုံးပြုမှု မြင့်တက်လာခြင်းသည် ယမန်နှစ်က နိုင်ငံအတွင်း ပြဋ္ဌာန်းခဲ့သည့် အချက်အလက်လုံခြုံရေးနှင့် ကိုယ်ရေးကိုယ်တာအချက်အလက်များ ကာကွယ်ရေး ဥပဒေများနှင့်အညီ အင်တာနက်ကုမ္ပဏီများ၏ သုံးစွဲသူအချက်အလက်များကို စုဆောင်းမှု၊အသုံးပြုမှုနှင့် သိမ်းဆည်းမှုတို့ကို ကြီးကြပ်ကွပ်ကဲရန်ရည်ရွယ်ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly