ပါကစ္စတန်ဝန်ကြီးချုပ် အများ၏ နိုင်ငံရေးဆိုင်ရာ ယုံကြည်လက်ခံနိုင်မှုကို ဆုံးရှုံးလာ

ပါကစ္စတန်ဝန်ကြီးချုပ် အများ၏ နိုင်ငံရေးဆိုင်ရာ ယုံကြည်လက်ခံနိုင်မှုကို ဆုံးရှုံးလာ

ပါကစ္စတန် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကိုင်ဆာ ဂျာဗက်ဒ် ဘာဂျ်ဝါ၏ ကြားနေရေးဝါဒကို စောင်းပါးရိပ်ခြည် မှတ်ချက်စကားများ ပြောဆိုလာခြင်းသည် ဝန်ကြီးချုပ် အီမရန် ခန်း၏ နိုင်ငံရေး ကံကြမ္မာယခုအခါ အဆုံးအဖြတ်ကာလတစ်ခုသို့ ရောက်ရှိလာပြီဟု ယူဆရသည်။

ဗိုလ်ချုပ်ကြီး ဘာဂျ်ဝါ ဆိုသည်မှာ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က ထိန်းချုပ်ထားသော ရွေးကောက်ပွဲတစ်ခုဟု အများက ရှုမြင်ခံခဲ့ရသည့် ရွေးကောက်ပွဲတွင် ခန်း အနိုင်ရစေရန် ကူညီခဲ့သူ ဖြစ်သည်။

“နိုင်ငံရေးမှာ ကြားနေရေးဝါဒလို့ ခေါ်တာ ဘာမှမရှိပါဘူး။ တိရစ္ဆာန်တွေကပဲ ကြားနေတာ ဖြစ်ပါတယ်” ဟု အီမရန် ခန်းက ပြောခဲ့သည်။

ထိုသို့ ပြောဆိုမှု မတိုင်ခင် တစ်ရက်က ပါကစ္စတန်စစ်တပ်သည် နိုင်ငံရေးတွင် ပါဝင်ပတ်သက်ခြင်း မရှိကြောင်းနှင့် နိုင်ငံရေးကိစ္စများတွင် ယင်း၏ အခန်းကဏ္ဍနှင့်ပတ်သက်ပြီး ထင်ကြေးပေးပြောဆိုမှုများ ရပ်တန့်ရန် တောင်းဆိုကြောင်း စစ်တပ်ပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့သည်။ ဝန်ကြီးချုပ် ခန်း ပြောဆိုခဲ့သည့် အဆိုပါ “ကြားနေရေး ဝါဒ” ၏ နိုင်ငံရေးဆိုင်ရာ “အချက်ပြလှိုင်းများ” ကြောင့် ၎င်း၏ အစိုးရကို တည်မြဲစေရန် ထောက်ကူပေးထားသည့် မဟာမိတ်များထဲကနေ အစုအပြုံလိုက် ထွက်ခွာမှုကို ဖြစ်ပေါ်စေခဲ့သလို မကျေမချမ်းဖြစ်နေခဲ့သော ၎င်း၏ PTI အမတ် တစ်ဒါဇင်ထက်မနည်း၏ စွန့်ခွာဘက်ပြောင်းမည့် အခြေအနေလည်း ရှိလာခဲ့သည့်အတွက် ယင်းက ယခုလကုန်ပိုင်း အစိုးရအပေါ် အယုံအကြည်မရှိ အဆို တင်သွင်း မဲခွဲချိန်တွင် ဝန်ကြီးချုပ် ခန်း၏ အများစု ထောက်ခံမှုကို လျော့ကျစေမည့် အခြေအနေရှိနေသည်။

အလားတူ ထို အချက်ပြလှိုင်းများက အတိုက်အခံပါတီများထံသို့လည်း ရောက်ရှိခဲ့သည်။ ပါကစ္စတန် အတိုက်အခံပါတီများသည် ခန်းကို ရင်ဆိုင်ရာတွင် စည်းလုံးညီညွတ်စွာ ရှိနေခဲ့ကြပြီး လက်ရှိတွင် အစိုးရတစ်ရပ်ကို ဖြုတ်ချရန် အမြင့်ဆုံး ပါလီမန်ဆိုင်ရာ လက်နက်တစ်ခုဖြစ်သော အယုံအကြည်မရှိ အဆိုတစ်ရပ် တင်သွင်းရန် ကြိုးပမ်းနေကြသည်။

စုစည်းညီညွတ်မှု ရှိသလို သီးခြားလုပ်ဆောင်မှုအနေဖြင့် အတိုက်အခံ ပါတီများသည် မတူညီသော မြို့ကြီးများတွင် ဆန္ဒပြပွဲများကို လုပ်ဆောင်နေကြပြီး မတ်လ ၂၇ ရက်၌ ဖြစ်ပေါ်ဖွယ် ရှိသည့် အယုံအကြည်မရှိ အဆို ပါလီမန်မဲခွဲမှုအတွက် အချိန်ကိုက်ပြီး ခရီးရှည် ချီတက်မှုများ လုပ်ဆောင်ကာ မြို့တော်၌ လာရောက်ပေါင်းဆုံရန် စီစဉ်နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly