ဟောင်ကောင်မှ ထွက်ခွာသူ မတ်လပထမလဝက်အတွင်း ၅၀,၀၀၀ ကျော်ရှိ

ဟောင်ကောင်မှ ထွက်ခွာသူ မတ်လပထမလဝက်အတွင်း ၅၀,၀၀၀ ကျော်ရှိ

ဟောင်ကောင်အုပ်ချုပ်ရေးမှူးသည် ပြင်းထန်သော တစ်ဦးနှင့်တစ်ဦး ခပ်ကွာကွာနေရေးဆိုင်ရာ ကန့်သတ်ချက်များကို ပြန်လည် သုံးသပ်ရန် ကတိပြုထားသော်လည်း မတ်လ ပထမလဝက်တွင် ဟောင်ကောင်မှ ထွက်ခွာသူ ၅၀,၅၀၅ ဦးရှိခဲ့ပြီး ယင်းကဲ့သို့ အများအပြား ထွက်ခွာမှုသည် ရပ်တန့်သွားမည့် အရိပ်လက္ခဏာမရှိပေ။

ဟောင်ကောင်သို့ ဝင်ရောက်သူထက် ထွက်ခွာသူဦးရေ ပိုများကြောင်း ပြသသည့် စုစုပေါင်းထွက်ခွါသူဦးရေ မှာ မတ်လ ၁ ရက်မှ ၁၅ ရက်အတွင်း ၄၃၂၀၀ ရှိကြောင်းလူဝင်မှုကြီးကြပ်ရေးဌာန၏ နောက်ဆုံးစာရင်း ဇယားများအရ သိရသည်။

မတ်လ ၁ ရက်မှ ၁၅ ရက်အထိ ၅၀,၅၀၅ ဦးရှိပြီး ယခင်လအလားတူကာလတွင်ထွက်ခွာသူ ၄၄,၈၂၅ ဦး နှိုင်းယှဉ်ပါက ၁၂ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ဖေဖော်ဝါရီလတွင် ထွက်ခွာသွားသူ ၇၁,၃၅၄ ဦးရှိပြီး ဒီဇင်ဘာလနှောင်းပိုင်းတွင် မြို့တော်သို့ ကိုရိုနာဗိုင်းရပ်ပဉ္စမလှိုင်းဝင်ရောက်ပြီးနောက် အမြင့်ဆုံးဖြစ်သည်။

ယခုနှစ်တွင် အများဆုံးထွက်ခွာမှုမှာ မတ် ၆ ရက်ကဖြစ်ကာ ၅,၀၈၂ ဦး ရှိသည်။

ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်းက အစိုးရအနေဖြင့် လက်ရှိအစီအမံများကို သက်တမ်းဝက်ပြန်လည်သုံးသပ်ခြင်း ပြုလုပ်ရန် အချိန်တန်ပြီဖြစ်ကြောင်း မတ်လ ၁၇ ရက်က ပြောကြားခဲ့သည်။

အသစ်ရောက်ရှိလာသူများကို ၁၄ ရက်ကြာ သီးသန့်ခွဲထားမှု၊ ဗြိတိန်နှင့် အမေရိကန်အပါအဝင် နိုင်ငံ ၉ နိုင်ငံမှ လေယာဉ်ခရီးစဉ်များ ပိတ်ပင်ထားမှုနှင့် လူကိုယ်တိုင်တက်ရောက်သည့်အတန်းများ ဆိုင်းငံ့ထားမှုတို့ကို ဖြေလျှော့နိုင်မည်ဖြစ်ကြောင်း ကာရီလမ်းက အရိပ်အမြွက် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly