အာဖရိကတွင် တရုတ်၏ အရည်အသွေးနိမ့်သော စီမံကိန်းများ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရ

အာဖရိကတွင် တရုတ်၏ အရည်အသွေးနိမ့်သော စီမံကိန်းများ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရ

တရုတ်အခြေခံအဆောက်အအုံစီမံကိန်းများ၏ အရည်အသွေးညံ့ဖျင်းမှုနှင့် ပတ်သက်၍ အာဖရိကတိုက် တစ်ဝန်းမှ နိုင်ငံများ၏ ပြင်းပြင်းထန်ထန်ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး အာဖရိကနိုင်ငံအချို့က တရုတ် ကုမ္ပဏီ များနှင့် သဘောတူညီချက်များကို ဖျက်သိမ်းနေသည်။

တရုတ်စီမံကိန်းများသည် တရုတ်ကုမ္ပဏီများ၏ ညံ့ဖျင်းသော အလုပ်များ နှင့် ပွင့်လင်းမြင်သာမှုကင်းမဲ့ခြင်း တို့ကြောင့် ပြဿနာများနှင့် ရင်ဆိုင်နေရသည်ဟု Hong Kong Post သတင်းတွင်ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၁၁ ရက်က တောင်အာဖရိကနိုင်ငံ အလုပ်အကိုင်နှင့် အလုပ်သမားရေးရာဌာနသည် တောင်အာဖရိ ကရှိ တရုတ်၏ Huawei နည်းပညာကုမ္ပဏီကို တောင်အာဖရိက၏ အလုပ်အကိုင် တန်းတူညီမျှ ရေးမူဝါဒကို လိုက်နာခြင်းမရှိသည့်အတွက် တရားစွဲဆိုခဲ့သည်။

ထို့ပြင် ကင်ညာ၏ ဥပဒေများကို လိုက်နာရန် ပျက်ကွက်သည့်အတွက် တရုတ်အကြား ချုပ်ဆိုထားသည့် အမေရိကန်ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံတန် သဘောတူညီ ချက်ကို ၂၀၂၁ခုနှစ်တွင် ကင်ညာတရားရုံးချုပ် က ပယ်ဖျက်ရန် အမိန့်ထုတ်ခဲ့ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံ၏ အမြတ်ထုတ်လိုသော သဘောထားများကြောင့် မပျော်မရွှင်ဖြစ်နေကြောင်း ဖော်ပြလျက် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) သမ္မတ ဖလစ် ရှီစီခါဒီက ၂၀ဝ၈ခုနှစ်တွင် တရုတ်နှင့် ချုပ်ဆိုခဲ့သော သတ္တုတွင်းဆိုင်ရာ စာချုပ်များကို ပြန်လည်သုံးသပ်ရန် တောင်းဆိုခဲ့သည်။

ကင်ညာအတွက် တရားမျှတသော သဘောတူညီချက်များ ရယူလိုကြောင်း ရှီစီခါဒီက မှတ်ချက်ပြုခဲ့ပြီး “ကင်ညာက လူတွေ ဆင်းရဲနေချိန်မှာ ကင်ညာနဲ့ စာချုပ်ချုပ်ထားတဲ့ လူတွေက ပိုချမ်းသာလာနေပါတယ်” ဟု ရှီစီခါဒီက က ပြောကြားခဲ့သည်။

၂၀ဝ၀ပြည့်နှစ်မှ ၂၀၁၉ခုနှစ်အတွင်း တရုတ်က အာဖရိကအစိုးရများ၊ ယင်းတို့၏ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်း များနှင့် အမေရိကန်ဒေါ်လာ ၁၅၃ ဘီလီယံတန်ဖိုးရှိ ချေးငွေကတိကဝတ်ပေါင်း ၁၁၄၁ ခုကို လက်မှတ် ရေးထိုး ခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် အဆင့်မြင့်နိုင်ငံတကာလေ့လာရေးတက္ကသိုလ်ကို ကိုးကား၍ မီဒီယာက ဖော်ပြခဲ့သည်။

ထို့ပြင် တရုတ်၏ ရည်မှန်းချက်ကြီးမားသော ခါးပတ်လမ်းသစ်စီမံကိန်း(BRI) အရ အကောင်အထည် ဖော်နေသည့် တရုတ်၏ စီမံကိန်းများကို အာဖရိကရှိ ဒေသခံပတ်ဝန်းကျင်နှင့် အရပ်ဘက် လူမှုအဖွဲ့အစည်း များက ဆန့်ကျင်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly