အာဆီယံအထူးကိုယ်စားလှယ်၏ မြန်မာခရီးစဉ်နှင့် ပတ်သက်ပြီး HRW  အာရှဒေသ ဒုတိယညွှန်ကြားရေးမှူး ဖီးလ်ရော်ဘတ်ဆန်၏ ထုတ်ပြန်ချက်

အာဆီယံအထူးကိုယ်စားလှယ်၏ မြန်မာခရီးစဉ်နှင့် ပတ်သက်ပြီး HRW  အာရှဒေသ ဒုတိယညွှန်ကြားရေးမှူး ဖီးလ်ရော်ဘတ်ဆန်၏ ထုတ်ပြန်ချက်
Photo - Google

မတ်လ ၂၂ ရက်

ဘုံသဘောတူညီချက် ငါးချက်ဆိုင်ရာ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ဆောင်ချက်များအတွက် ရှင်းလင်းပြတ်သားသော သဘောတူညီချက်တစ်ခု သို့မဟုတ် NLD အဆင့်မြင့်ကိုယ်စားလှယ်များ အပါအဝင် သက်ဆိုင်ပတ်သက်သူအားလုံးနှင့် အဓိပ္ပါယ်ရှိသည့် တွေ့ဆုံမှုဆိုင်ရာ ဖြစ်နိုင်ခြေ မရှိဘဲ အာဏာသိမ်းစစ်အုပ်စု အဆင့်မြင့်ကိုယ်စားလှယ်များကို တွေ့ဆုံရန် မြန်မာနိုင်ငံသို့ ကမန်းကတန်း လာရောက်ခြင်းအားဖြင့် အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ခ် ဆော့ခွန်းသည် စစ်အုပ်စုကို အများပြည်သူ ဆက်ဆံရေးဆိုင်ရာ ပွပေါက်တစ်ခု ခွင့်ပြုပေးပြီး ယင်းက မြန်မာအပေါ် ထားရှိနေသည့် အကန့်အသတ်ရှိ ဒေသဆိုင်ရာ ဖိအားပေးမှုအပေါ် ထိခိုက်စေသည်။

အာဆီယံ ဥက္ကဋ္ဌအနေဖြင့် တာဝန်ယူစဉ် ကာလအတွင်း ကမ္ဘောဒီးယားအစိုးရသည် မှန်ကန် မျှတစွာ လုပ်ဆောင်ထားခြင်းမရှိဘဲ အာဏာသိမ်းစစ်အုပ်စုဘက်ကို ရှင်းရှင်းလင်းလင်း တိမ်းနေပြီး အကျဉ်းချခံ NLD နိုင်ငံရေးသမားများနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများ တက်ကြွလှုပ်ရှားသူများကို ထိခိုက်နစ်နာစေလျက်ရှိသည်။

ထို့ပြင် မြန်မာပြည်သူအများအပြားက ၎င်းတို့၏ စစ်မှန်သော ကိုယ်စားပြုသူများအဖြစ် ယုံကြည်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုလည်း ဖနွမ်းပင်က အရေးမလုပ်ဘဲ အေးစက်စွာ ဆက်ဆံထားခဲ့သည်။

မြန်မာ စစ်ဗိုလ်ချုပ်ကြီးများထံမှ ခက်ခဲသော ရွေးချယ်မှုများကို တောင်းဆိုမည့် စစ်မှန်သော နိုင်ငံရေး ကတိကဝတ်တစ်ခု ကင်းမဲ့နေမှုအပေါ် အခြေတည်ရင်း မြန်မာ့အကျပ်အတည်း၌ “အာဆီယံ ဗဟိုပြုမှု” အယူအဆက မည်သည့်အတွက်ကြောင့် ကျရှုံးနေသလဲ ဆိုသည်ကို ပရက်ခ် ဆော့ခွန်း၏ မစ်ရှင်က ပြသနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required