လပွတ္တာမြို့တွင် မုန်တိုင်းရှောင် ပြည်သူ ၁၀၀၀ ကျော်ရှိ

လပွတ္တာမြို့တွင် မုန်တိုင်းရှောင် ပြည်သူ ၁၀၀၀ ကျော်ရှိ

မတ် ၂၂

ဧရာဝတီတိုင်း၊ လပွတ္တာမြို့တွင် ယနေ့ မတ်လ ၂၂ ရက်အထိ မုန်တိုင်းရှောင် ပြည်သူ ၁ဝဝဝ ကျော် ဝန်းကျင်ရှိကြောင်း လပွတ္တာ အခြေစိုက် နှလုံးလှ ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့ တာဝန်ရှိသူ ကိုမင်းမင်း က မဇ္ဈိမ ကိုပြောသည်။

မုန်တိုင်းရှောင် ပြည်သူများအား လပွတ္တာမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများတွင် ကျေးရွာ အလိုက် အုပ်စုများ ခွဲကာ နေရာချထားရာ ကိုးနဝင်း ပရိယတ္တိ စာသင်တိုက်တွင် လူဦးရေ ၂၅၀ ကျော် ထားရှိကြောင်း သိရသည်။

“ဒီမုန်တိုင်းရှောင် ပြည်သူတွေ လောလောဆယ် ဦးရေ ၁၀၀၀ ကျော်လောက်ရှိတယ်။ စာရင်းတော့ အတိအကျ မရထား သေးဘူး။ သူတို့တွေက လပွတ္တာမြို့ရဲ့ အောက်ဘက်ကျောက ပြင်စလူ ဘက်နဲ့က အုပ်စုခွဲ ကျေးရွာလေးတွေက အများကြီး တက်လာကြတာပေါ့။ ရှပ်တာရှိတဲ့ သူတွေကတော့ ရှပ်တာထဲ နေပေါ့။ မရှိတဲ့ သူတွေကတော့ ဘုန်းကြီးကျောင်းတွေမှာ ယာယီ နေရတာပေါ့” ဟု ကိုမင်းမင်းက ဆိုသည်။

လပွတ္တာမြို့၏ မုန်တိုင်း အခြေအနေမှာ လေပြင်း တိုက်ခတ်ပြီး မိုးဖွဲများ ကျနေသည်မှ အပ ထူးခြားဖြစ်စဉ် မရှိသေးကြောင်း လေတိုက်ခတ်သဖြင့် လှိုင်းထမှုသာ ရှိကြောင်း ဆိုသည်။

#Mizzima

#လပွတ္တာမြို့

#မုန်တိုင်းရှောင်

#လေပြင်း

#ပြင်စလူ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly