အိန္ဒိယသို့ ရောက်ရှိနေသည့် သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေး

အိန္ဒိယသို့ ရောက်ရှိနေသည့် သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေး

အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသည့် သီရိလင်္ကာ ဘဏ္ဍာရေးဝန်ကြီးဘာဆေးလ်ရာဂျပက်ဆာအား အိမ်ရှင် ပြည်ပ ရေးရာဝန်ကြီး အက်စ်ဂျိုင်ရှန်ကာက မတ် ၁၆ ရက်တွင် နယူးဒေလီမြို့၌ လက်ခံတွေ့ဆုံပြီး နှစ်နိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများအတွက် ဆွေးနွေးရာတွင် အောင်မြင်မှုများ ရရှိခဲ့သည်။

“ဘဏ္ဍာရေးဝန်ကြီး ရာဂျပက်ဆာနဲ့ နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် ဆွေးနွေးရာမှာ အောင်မြင်မှု ရခဲ့ပါတယ်။ သီရိလင်္ကာပြည်သူတွေရဲ့ လိုအပ်ချက်တွေကို အိန္ဒိယက ဆက်လက်ဆောင်ရွက်ပေးသွားပါမယ်” ဟု ဂျိုင်ရှန်ကာက တွစ်တာတွင် ရေးသားထားသည်။

အဆိုပါနေ့ နံနက်ပို်ငးက သီရိလင်္ကာ ဘဏ္ဍာရေးဝန်ကြီးသည် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီနှင့် တွေ့ဆုံကာ စီးပွားရေးကူညီပံ့ပိုးမှုများအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

ယင်းကဲသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဆောင်ရွက်နေသည့် အစီအစဉ်များအား တင်ပြခဲ့သည်။

ဝန်ကြီးချုပ် နာရင်ဒရာမိုဒီကလည်း အိန္ဒိယ၏ ‘ပထမဦးစားပေး အိမ်နီးချင်းနိုင်ငံ’ အစီအစဉ်နှင့် ‘ဒေသတွင်းနိုင်ငံအားလုံး၏ လုံခြုံရေးနှင့် ဖွံ့ဖြိုးရေး’ အစီအစဉ်တွင် သီရိလင်္ကာက အဓိကနေရာ၌ ရှိနေခြင်းတို့ ကို ပြန်လည်ပြောကြားသည်။ သီရိလင်္ကာ၏ ခင်မင်စရာကောင်းသော ပြည်သူများနှင့်အတူ ဆက်လက် ရပ်တည်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားသည်။

အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ဟာ့ရှ်ဗာဓန်ရှရင်ဂလာကလည်း သီရိလင်္ကာ ဝန်ကြီးအား လက်ခံတွေဆုံကာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်များနှင့် ကပ်ရောဂါကာလအလွန် အခွင့်အလမ်းများအကြောင်းကို ဆွေးနွေးခဲ့သည်။

သီရိလင်္ကာ၏ ပြည်ပကြွေးမြီကြောင့် ဖြစ်သည့် ဘဏ္ဍာရေးအကျပ်အတည်းနှင့် နိုင်ငံတွင်း စီးပွားရေးအတွက် အမေရိကန်ဒေါ်လာ မရှိခြင်းတို့အတွက် အိန္ဒိယက ဒေါ်လာ ၂ ဒသမ ၄၁၅ ဘီလျံ အကူအညီပေးရန် ကတိပြုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required