ဒဏ်ခတ်ပိတ်ဆို့မှုနှင့် ဈေးသက်သာသော ရုရှားသွင်းကုန်များအကြား တရုတ် ရွေးချယ်ရခက်ခဲနေ

ဒဏ်ခတ်ပိတ်ဆို့မှုနှင့် ဈေးသက်သာသော ရုရှားသွင်းကုန်များအကြား တရုတ် ရွေးချယ်ရခက်ခဲနေ

ယူကရိန်းကို ကျူးကျော်ဝင်ရောက်ခြင်းကြောင့် အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုများ ရင်ဆိုင်နေရသော ရုရှားကို တရုတ်က ကူညီရန် ဆန္ဒရှိသော်လည်း ၎င်းကိုယ်တိုင် ဒဏ်ခတ်မခံရစေရန်နှင့် ၎င်း၏ပြည်တွင်းရိက္ခာဖူလုံမှု မထိခိုက်သည့် အတိုင်းအတာအထိသာ ကူညီမည်ဖြစ်သည်။

ရုရှား-ယူကရိန်းပဋိပက္ခ ပြင်းထန်လာမှုနှင့်အတူ သမ္မတရှီကျင့်ဖျင်သည် နိုင်ငံခြားဈေးကွက်အပေါ် မှီခိုအားထားမှုကို လျှော့ချရေးအတွက် အစားအစာ ပိုမိုထုတ်လုပ်ရန် ၎င်းနိုင်ငံအား တိုက်တွန်းသည့် ရှားပါးသတိပေးချက် ထုတ်ပြန်ခဲ့သည်။

သို့သော် ယခုစစ်ပွဲသည် တရုတ်ကို အကျပ်ရိုက်စေသည်။ပြီးခဲ့သည်နှစ်က တရုတ်သည်နှစ်စဉ် ပြောင်းသီးနှံလိုအပ်ချက် သုံးပုံတစ်ပုံကို အမေရိကန်အစား ယူကရိန်းမှ တင်သွင်းခဲ့သည်။ လာမည့် ဧပြီလသည် ယူကရိန်းတွင် သီးနှံသစ်စိုက်ချိန်ဖြစ်ပြီး ယခုနှစ်တွင်လည်း ပြောင်းသီးနှံ တင်သွင်းနိုင်ခြင်း ရှိ/ မရှိ မသိရပေ။

ယူကရိန်းနှင့်ရုရှားနှစ်နိုင်ငံစလုံးသည်အဓိကဂျုံထုတ်လုပ်သူများဖြစ်ကြပြီး ရုရှားက ယူကရိန်းကို မကျူးကျော်ခင်လေးအထိ တရုတ်က ရုရှားဂျုံကို အမြောက်အမြားမှာယူခဲ့သည်။ယခင်က ဂျုံအရည်အသွေးနှင့် ရုရှားနိုင်ငံရှိ ဒေသအချို့မှ ဂျုံတွင် ပိုးမွှားများတွေ့ရှိခြင်း ကိစ္စကြောင့် နှစ်နိုင်ငံကုန်သွယ်မှုကို ထိခိုက်ခဲ့သည်။

သို့သော် ယူကရိန်းကို စစ်ခင်းသည့် ရုရှားကို အမေရိကန်က ပြောင်ပြောင်တင်းတင်း စိန်ခေါ်လာချိန်တွင် တရုတ်သည် ရုရှားဘက်မှ ပြတ်ပြတ်သားသားရပ်တည်လိုက်ပြီး ရုရှားဒေသအားလုံးမှဂျုံနှင့် မုယောစပါးအပေါ် ကန့်သတ်ချက်အားလုံးကို ဖယ်ရှားပေးခဲ့သည်။

ဒဏ်ခတ်ပိတ်ဆို့မှုက မည်မျှဆိုးရွားနိုင်ကြောင်းကို တရုတ်က ကောင်းစွာသဘောပေါက်ထားပြီး ဟွာဝေးနှင့် အခြားတရုတ်ကုမ္ပဏီများကို အရေးယူခံရသည့်အချိန်က ၎င်းဒဏ်ကို ခံစားဖူးသည်။

သို့သော် ရုရှားမှ ဈေးချိုသော ဓာတ်ငွေ့၊ ကျောက်မီးသွေးနှင့် ရေနံစသည့် စွမ်းအင်သွင်းကုန်ပစ္စည်းများနှင့် တန်ဖိုးနည်းဂျုံတို့က ဒဏ်ခတ်ခံရမည့်အကြောက်တရားထက် ပိုမိုမက်မောစရာဖြစ်နေသောကြောင့် တရုတ်သည် ရုရှားနှင့် သဘောတူညီချက်များ တတ်နိုင်သမျှ ပြုလုပ်ရန် ဆုံးဖြတ်ထားသည်။

ရုရှားနှင့် တရုတ်အကြား ကုန်သွယ်မှုသည် မကြာသေးမီနှစ်များအတွင်း တဖြည်းဖြည်း အားကောင်းလာသည်။ ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၄၇ ဘီလီယံအထိ ရှိကာ ယခင်နှစ်ထက် ၃၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ နှစ်နိုင်ငံစလုံးသည် ၂၀၂၄ ခုနှစ်တွင် ကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၂၅၀ ဘီလီယံအထိ တိုးမြှင့်ရန် မကြာသေးမီက ဆုံးဖြတ်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly