Crocodile အမှတ်တံဆိပ်နှင့် ခြောက်နှစ်ကြာ စာချုပ် ထပ်မံချုပ်ဆိုခဲ့သည့် ဟာဂျီဝန်း

Crocodile အမှတ်တံဆိပ်နှင့် ခြောက်နှစ်ကြာ စာချုပ် ထပ်မံချုပ်ဆိုခဲ့သည့် ဟာဂျီဝန်း

တောင်ကိုရီးယား မင်းသမီး ဟာဂျီဝန်းသည်  Crocodile အမှတ်တံဆိပ် အမျိုးသမီးဝတ် အင်္ကျီများအတွက် မော်ဒယ်လုပ်ပေးရန် ခြောက်နှစ်ကြာ စာချုပ် ထပ်မံချုပ်ဆိုခဲ့ကြောင်း ဇန်နဝါရီ ၂၁ ရက်က Crocodil ကုမ္ပဏီက ပြောကြားခဲ့သည်။

“ပရိတ်သတ်များချစ်တဲ့ ဟာဂျီဝန်းကြောင့် အမှတ်တံဆိပ်ကို သုံးစွဲသူတွေ များပြားလာတယ်။ သုံးစွဲသူများအပေါ် ကျေးဇူး တုံ့ပြန်တဲ့အနေနဲ့ ထုတ်ကုန်သစ်တွေ ထုတ်သွားဖို့ ဆက်လက် လုပ်ဆောင် သွားမှာပါ။ ဟာဂျီဝန်းနှင့်အတူ လုပ်ဆောင်သွားမှာပါ” ဟု ကုမ္ပဏီမှ ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

အသက် ၃၇ နှစ်အရွယ်ရှိ ဟာဂျီဝန်းသည် အမှတ်တံဆိပ် ကြော်ငြာများနှင့် အရောင်းမြှင့်တင်း ရေး ပွဲများတွင် နောက်ထပ်တစ်နှစ် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သည်။

ဟာသည် မကြာမီ ထုတ်လွှင့်ပြသမည့် “Risking life for love” ဇာတ်ကားတွင် ပါဝင် သရုပ် ဆောင်လျက်ရှိပြီး ယင်းဇာတ်ကားကို ယခုနှစ်ကုန်တွင် ပြသသွားရန် စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly