တရုတ်တွင် ၂ နှစ်အတွင်း ကိုဗစ်ရောဂါ အဆိုးရွားဆုံး ဖြစ်ပွားနေသဖြင့် ကျီလင်းပြည်နယ်ကို အသွားအလာပိတ်ဆို့ထား

တရုတ်တွင် ၂ နှစ်အတွင်း ကိုဗစ်ရောဂါ အဆိုးရွားဆုံး ဖြစ်ပွားနေသဖြင့် ကျီလင်းပြည်နယ်ကို အသွားအလာပိတ်ဆို့ထား

ဒေသတွင်း၌ ကိုဗစ်ရောဂါဖြစ်ပွားမှု များပြားလာခြင်းကြောင့် တရုတ်နိုင်ငံရှိ လူဦးရေ ၂၄ သန်းရှိသော ကျီလင်းပြည်နယ်ကို အသွားအလာပိတ်ဆို့ထားသည်။

အာဏာပိုင်များ၏ မတ်လ ၁၄ ရက် ထုတ်ပြန်ကြေညာချက်အရ မတ်လ ၁၃ ရက်က ပြည်နယ်အတွင်း ပြည်တွင်းကူးစက်မှုပေါင်း ၈၉၅ ဦးနှင့် ရောဂါလက္ခဏာမပြသူ ၁၃၁ ဦးရှိသည်ဟု ကူးစက်ရောဂါဗေဒ ပညာရှင်နှင့်ကျန်းမာရေး-စီးပွားရေးပညာရှင် အဲရစ်ဖေးဒင်းက ပြောကြားသည်။

ထို့ပြင် ကိုဗစ်ပြန့်ပွားမှုကြောင့် တရုတ်အစိုးရက ကျီလင်းမြို့တော်ဝန်ကို ရာထူးမှဖယ်ရှားခဲ့ပြီး ရှန်းကျန်းအာဏာပိုင်များက မြို့ကို ရက်သတ္တတစ်ပတ်မျှ အသွားအလာ ပိတ်ဆို့ထားသည်။

မတ်လ ၁၂ ရက်က ရောဂါကူးစက်ခံရသူ ၁ ၅၂၄ ဦးရှိရာမှ မတ်လ ၁၃ ရက်တွင် ၃ ၁၂၂ ဦးအထိရှိလာကြောင်း တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က ထုတ်ပြန်ထားသည်။

BA.2 ဗီဇသည် အလွန်ကူးစက်လွယ်ကာ လျင်မြန်စွာ ပျံ့နှံ့ပြီး အလွန်တကူ သတိမပြုမိနိုင်ကြောင်း ရှန်ကျန်းကျန်းမာရေးအရာရှိ ကူးစက်ရောဂါဗေဒပညာရှင် လင်ဟန်ချန်းက မတ်လ ၁၃ ရက်တွင် သတိပေးပြောကြားခဲ့ပြီး ထိန်းချုပ်ရေးအစီအမံများ မကောင်းမွန်ပါက လူထုအကြား ကူးစက်ပျံ့နှံ့နိုင်သည်ဟု ၎င်း၏ တွစ်တာတွင် ရေးသားခဲ့သည်။

ကိုဗစ်ရောဂါဖြစ်ပွားမှု လျင်မြန်စွာ ပြန်လည်ဖြစ်ပွားလာချိန်တွင် တရုတ်နိုင်ငံ၏ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက တရုတ်အတွက် အချိန်ဖြုန်းရမည့်အချိန်မဟုတ်ကြောင်းနှင့် ကိုဗစ်လုံးဝ ကင်းစင်ရေးအကြောင်း ငြင်းခုံနေကြမည့်အစား တရုတ်အစိုးရသည် ပြီးပြည့်စုံပြီး ရေရှည်တည်တံ့စေမည့် ကပ်ရောဂါတိုက်ဖျက်ရေးမဟာဗျူဟာများ ချမှတ်ရန် အချိန်ကိုအသုံးချသင့်ကြောင်း ဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly