ရုရှသူလျှိုဟောင်းကို ပူတင်သတ်ဖြတ်ခဲ့ဟုဆို

ရုရှသူလျှိုဟောင်းကို ပူတင်သတ်ဖြတ်ခဲ့ဟုဆို

လန်ဒန်၊ ဇန်နဝါရီ - ၂၂ ။            ။ ဗြိတိန်၏ စုံစမ်းစစ်ဆေးမှု အသစ်တစ်ရပ်အရ ရုရှသူလျှိုဟောင်းကို သတ်ဖြတ်ရန် ရုရှသမ္မတ ဗလာဒီမီယာ ပူတင်က အမိန့်ပေးခဲ့ဖွယ်ရာ ရှိသည်ဟု ဆိုသည်။

ကရင်မလင်ကို ဝေဖန်သူ အထင်ကရပုဂ္ဂိုလ် အလက်ဇန်းဒါး လစ်ဗီနင်ကိုမှာ ၂၀၀၆ခုနှစ်က အသက် ၄၃နှစ်အရွယ်တွင် ဈေးကြီးသည့် လန်ဒန် ဟိုတယ်တစ်ခုတွင် ရေဒီယိုသတ္တိကြွ ပလူတိုနီယံခပ် ထားသည့် လက်ဖက်ရည်ကို သောက်ပြီး ရက်သတ္တ သုံးပတ်အကြာတွင် သေဆုံးသွားခဲ့သည်။

ယခု ဗြိတိန်၏ စုံစမ်းစစ်ဆေးမှုအရ အဓိကတရားခံများဟု ယူဆရသည့် ရုရှနှစ်ယောက်ဖြစ်သော အန်ဒရေ လူဂိုဗွိုင်နှင့် ဒီမီထရီ ကော့ဗ်တွန်တို့က ရုရှလုံခြုံရေးဌာန၏ ညွှန်ကြားချက်ဖြင့် အဆိပ်ကို ယူဆောင်လာခဲ့ဖွယ်ရှိသည်ဟု ဆိုသည်။

ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက သတ်ဖြတ်မှုကို နိုင်ငံက ကမကထပြုသည့် လုပ်ရပ်တစ်ခုအဖြစ် ခေါ်ဝေါ်ခဲ့ပြီး လက်တုန့်ပြန်သည့်အနေဖြင့် ဒဏ်ခတ်ပိတ်ဆို့မှုများကို မကြေညာခဲ့သော်လည်း လန်ဒန်မှ မော်စကို သံအမတ်ကိုမူ ဆွေးနွေးရန် ဆင့်ခေါ်ခဲ့သည်။

ရုရှကမူ စုံစမ်းစစ်ဆေးမှု ရလဒ်ကို ပယ်ချခဲ့သည်။

‘ဒါက ပြတ်လုံးတစ်ခုပဲဖြစ်နိုင်ပါတယ်။ ဗြိတိသျှ ဟာသတစ်ခုပဲ ဖြစ်နိုင်ပါတယ်။ မည်သူမည်ဝါမသိရတဲ့ အထူးအဖွဲ့ရဲ့ လျှို့ဝှက်အချက်အလက်တွေအပေါ် အခြခံတဲ့ လူသိရှင်ကြား စုံစမ်းစစ်ဆေးမှုဆိုလို့ ရီရပါတယ်’ဟု ပူတင်၏ ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီ ပက်စ်ကော့က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly