အရှေ့အလယ်ပိုင်း ခရီးစဉ်အတွင်း ဒေါ်လာဘီလျံပေါင်းများစွာတန်သော သဘောတူညီချက်များကို တရုတ်သမ္မတ လက်မှတ်ထိုး

အရှေ့အလယ်ပိုင်း ခရီးစဉ်အတွင်း ဒေါ်လာဘီလျံပေါင်းများစွာတန်သော သဘောတူညီချက်များကို တရုတ်သမ္မတ လက်မှတ်ထိုး

ကိုင်ရို၊ ဇန်နဝါရီ ၂၂ ။             ။ အရှေ့အလယ်ပိုင်းဒေသတွင် စီးပွားရေးဆက်ဆံမှုနှင့် ၎င်း၏သြဇာကို မြင့်တင်ရန် ပေကျင်းက ကြိုးပမ်းနေစဉ် အရှေ့အလယ်ပိုင်းတွင် အထူးချေးငွေများနှင့် ရင်းနှီးမြုပ်နှံမှုအတွက် ဒေါ်လာဘီလျံများစွာ အသုံးပြုမည်ဖြစ်ကြောင်း တရုတ်သမ္မတရှီကျင်ပင်းက ဇန်နဝါရီ ၂၁တွင် ကြေညာခဲ့သည်။

သမ္မတအဖြစ် အရှေ့အလယ်ပိုင်းသို့ ၎င်း၏ပထမဆုံးခရီးစဉ်အတွင်း ရှီကျင်ပင်းက အီဂျစ်သမ္မတ အက်ဘ်ဒဲလ်ဖာတာအယ်လ်စီစီနှင့် ဆွေးနွေးပြီးနောက် ကိုင်ရိုအခြေစိုက်အာရပ်အဖွဲ့ချုပ်သို့ပြောသည့် မိန့်ခွန်းတစ်ခုတွင် တရုတ်က ဘဏ္ဍာရေးထောက်မည်ဟု ရှီက ကမ်းလှမ်းခဲ့သည်။

ရှီသည် ဇန်နဝါရီ ၂၀ရက်နေ့နောက်ပိုင်းက ဆော်ဒီအာရေဘီးယားမှ ကိုင်ရိုသို့ရောက်ရှိခဲ့ပြီး ဇန်နဝါရီ ၂၂တွင် သုံးနိုင်ငံခရီးစဉ်၏ နောက်ဆုံးနေရာအဖြစ် အီရန်သို့ သွားရောက်မည်ဖြစ်သည်။ အရှေ့အလယ်ပိုင်းတွင် ချေးငွေနှင့် ရင်းနှီးမြုပ်နှံ့မှုအဖြစ် အမေရိကန်ဒေါ်လာ ၅၅ ဘီလျံကမ်းလှမ်းခဲ့သည်။

"အရှေ့အလယ်ပိုင်းမှာ စက်မှုလုပ်ငန်းစီမံကိန်းတွေအတွက် အထူးချေးငွေအဖြစ် တရုတ်က အမေရိကန်ဒေါ်လာ ၁၅ဘီလျံပေးမှာဖြစ်ပါတယ်"ဟု ရှီက အာရပ်အဖွဲ့ချုပ်သို့ ပြောကြားခဲ့သည်။ နောက်ထပ် အမေရိကန် ၁၀ ဘီလျံကို စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုမြင့်တင်ရန် ကုန်သွယ်ရေးချေးငွေအဖြစ်ပေးမည်ဖြစ်ပြီး အလားတူပမာဏကို အတိုးမဲ့ဖြင့်ချေးမည်ဟု ၎င်းကပြောသည်။

ထို့အပြင် ကာတာနှင့် ယူအေအီးတို့အတွက် အမေရိကန်ဒေါ်လာ ၂၀ရှိ ဘုံရင်းနှီးမြုပ်နှံမှုရန်ပုံငွေတစ်ရပ်ကိုလည်း ထူထောင်မည်ဟု ရှီက ကြေညာခဲ့သည်။ ပေကျင်းသည် အရှေ့အလယ်ပိုင်းတွင် အခြား သံတမန်ပလေယာများနှင့် ယှဉ်လျင် ရှေ့တန်းမှ မနေခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်သည်။ သို့သော်လည်း ရှေးက ပိုးလမ်းမကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ရှင်မှုအဖြစ် အရှေ့အလယ်ပိုင်း သည် One Belt One Road ဟုခေါ်သော ရှီ၏ နိုင်ငံခြားရေးပေါ်လစီအတွက် အလွန်အရေးကြီးသည်ဟု လေ့လာသူများက ပြောသည်။

ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေး တရုတ်သည် စွမ်းအင်ကြွယ်ဝသော အရှေ့အလယ်ပိုင်းမှ တင်သွင်းသည့် ရေနံနှင့် သဘာဝဓါတ်ငွေ့အပေါ်အလွန်မှီခိုနေရသည်။ ဒေသတွင်း ကိုယ်စားပြုသူများနှင့် သြဇာလွှမ်းမိုးရေး ဖန်တီးလုပ်ဆောင်မည်မဟုတ်ဟုလည်း ရှီက အာရပ်အဖွဲ့ချုပ်ကို ပြောကြားခဲ့သည်။

ရှီသည် လျပ်စစ်၊ သယ်ယူပို့ဆောင်ရေးနှင့် အခြေခံအဆောက်အအုံတို့ကဲ့သို့ စီမံကိန်းများအတွက် ကိုင်ရိုနှင့် သီးခြားသဘောတူညီချက်များစွာကိုလည်း လက်မှတ်ထိုးခဲ့သည်။ ယင်းစီမံကိန်းများတွင် စုစုပေါင်းရင်းနှီးမြုပ်နှံမှုတန်ဘိုးမှာ အမေရိကန်ဒေါ်လာ ၁၅ဘီလျံရှိမည်ဟု ရှီက စီစီနှင့် ပူးတွဲပြုလုပ်သည့် ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။

သဘောတူညီချက်များက နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြင့်တင်ခြင်းအတွက် အကောင်းဆုံး အထောက်အထားဖြစ်သည်ဟုလည်း စီစီက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly