အော်စကာဆု အစီအစဉ်မှာ လမ်းကြောင်းမှားပေါ်တွင် ရောက်နေလျက် ရှိကြောင်း George Clooney ဝေဖန်

အော်စကာဆု အစီအစဉ်မှာ လမ်းကြောင်းမှားပေါ်တွင် ရောက်နေလျက် ရှိကြောင်း George Clooney ဝေဖန်

အော်စကာ ရုပ်ရှင်ထူးချွန်ဆု အစီအစဉ်မှာ မှားယွင်းသော လမ်းကြောင်းပေါ်တွင် ရောက်နေ လျက်ရှိကြောင်း အော်စကာဆုရှင် ရုပ်ရှင်မင်းသားကြီး George Clooney က စွပ်စွဲလိုက်သည်။

အော်စကာဆုနှင့် ပတ်သတ်၍ လူမည်းနှင့် လူနည်းစုများကို ချန်လှပ်ထားကြောင်း အငြင်းပွါးစရာများ ပေါ်ပေါက်နေချိန်တွင် George Clooney က ဝေဖန်လိုက်ခြင်း ဖြစ်သည်။

အော်စကာဆု ပမာဏစာရင်းတွင် သရုပ်ဆောင်ကဏ္ဍ လေးခုလုံး၌ လူမည်းနှင့် လူနည်းစု သရုပ်ဆောင်များ ၂နှစ်ဆက်တိုက် မပါဝင်ဘဲ ဖြစ်ခဲ့ရာ ဝေဖန်မှှုများ ထွက်ပေါ်လာခဲ့သည်။

Star Wars ရုပ်ရှင်မင်းသမီး Lupita Nyong'o ကလည်း ပမာဏစာရင်းတွင် လူမျိုးပေါင်းစုံ ပါဝင်ခြင်း မရှိသဖြင့် စိတ်ပျက်မိကြောင်း ဆိုခဲ့သည်။

အော်စကာဆုပေးပွဲ အခမ်းအနားကို သပိတ်မှောက်မည်ဟု အချို့ ရုပ်ရှင်ကြယ်ပွင့်များက ဆိုလာခဲ့ကြရာ၊ အကယ်ဒမီ ဆုပေးရေးအဖွဲ့ ဥက္ကဌ Cheryl Boone Issacs က သူ့အနေဖြင့် ဆုရွေး ချယ်ရေးအဖွဲ့ဝင်များကို ပြန်လည် သုံးသပ်သွားမည် ဖြစ်ကြောင်း ကတိပြုခဲ့သည်။

အကယ်ဒမီဆု နှစ်ဆု ရခဲ့ဖူးသူ Clooney က “ကျွန်တော်တို့ ဒီကိစ္စနဲ့ ပတ်သတ်ပြီး တိုးတက် လာဖို့ လိုအပ်ပါတယ်” ဟု ဆိုခဲ့သည်။

“12 Years a Slave” ဇာတ်ကားဖြင့် ၂၀၁၄ တွင် အကောင်းဆုံး ဇာတ်ပို့မင်းသမီးဆု ရခဲ့သူ Nyong'o ကလည်း၊ အပြောင်းအလဲ တောင်းဆိုသူများဘက်မှ ရပ်တည်ကြောင်း သူ၏ Instagram စာမျက်နှာတွင် ရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly