ရာသီဥတု အကျပ်အတည်းကို ဦးဆောင်ဖြေရှင်းမှုအတွက် လီယိုနာဒို Crystal Award ဆု ရရှိ

ရာသီဥတု အကျပ်အတည်းကို ဦးဆောင်ဖြေရှင်းမှုအတွက် လီယိုနာဒို Crystal Award ဆု ရရှိ

ဒါဗို့စ်၊ ဇန်နဝါရီ ၂၁ ။             ။ ဟောလီးဝုဒ်အကျော်အမော် လီယိုနာဒို ဒီကာပီရိုသည်  ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် ကျင်းပ ပြုလုပ်သည့် Crystal Awardsဆုပေးပွဲ၌  ရာသီဥတုအကျပ်အတည်းကို ဦးဆောင်ဖြေရှင်းမှုအတွက် ဂုဏ်ပြုဆု ရရှိခဲ့သည်။

ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့တွင် ကျင်းပပြုလုပ်သော အဆိုပါ ဆုပေးပွဲ အခမ်းအနားတွင် လီယိုနာဒိုသည် စွမ်းအင်လုပ်ငန်းရှင်များရဲ့ လောဘအပေါ် ပြစ်တင် ဝေဖန်ခဲ့သည်။ လီယိုနာဒို၏  လီယိုနာဒို ဒီပီကာရိုဖောင်ဒေးရှင်းသည် သဘာဝပတ်ဝန်းကျင် စောင့်ရှောက်မှု စီမံကိန်းများကို ထောက်ပံ့မှုများ ပြုလုပ်ပေးသည့် ဖောင်ဒေးရှင်း ဖြစ်သည်။

“လူသားများရဲ့ အနာဂတ်ကို အဆုံးဖြတ်ပေးဖို့ ကျောက်မီးသွေး၊ ရေနံနှင့် ဘဘာဝဓာတ်ငွေ့ လုပ်ငန်းများရဲ့ လောဘကို ကျွန်တော်တို့ လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး။ သဘာဝတရားကို ဖျက်စီးပြီး ငွေကြေးအကျိုးအမြတ် ရှာနေတဲ့သူတွေက ရာသီဥတု ပြောင်းလဲမှု သက်သေအထောက် အထားကို ဖုံးကွယ်ဖို့ ကြိုးစားနေပါတယ်” ဟု လီယိုနာဒိုက ပြောကြားခဲ့သည်။

“ရပ်တန်းက ရပ်ပါ။ ခင်ဗျားတို့လည်း ကောင်းကောင်းသိတယ်။ ကမ္ဘာလည်းသိတယ်။ ပျက်စီး ဆုံးရှုံးမှုတွေအတွက် သမိုင်းမှာ ပြစ်တင်ခံရလိမ့်မယ်” ဟု လီယိုနာဒိုက ပြောကြားခဲ့သည်။

တေးဂီတပညာရှင် ဝေးလ်အီအမ်သည်လည်း Crystal Award ဆုကို ရရှိခဲ့ပြီး ဒိန်းမတ်ပန်းချီ ပညာရှင် အိုလာဖာအဲလစ်ဆန်နှင့် တရုတ်မင်းသမီး Yao Chen တို့သည်လည်း Crystal Awrad ဆုကို ရရှိခဲ့သည်။ ကမ္ဘာ့စီးပွားရေး ဖိုရမ်၏ Crystal Award ဆုပေးပွဲသည် ကမ္ဘာကို ဖွံ့ဖြိုးတိုးတတ်အောင် လုပ်ရာတွင် ပါဝင်သည့် အနုပညာရှင်များကို ဂုဏ်ပြုဆုချီးမြှင့်သည့် ဆုပေးပွဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly